ဇာတ်ကားများ ရွေးရန်

The Price We Pay

2022ဇာတ်ကားအမှတ် 5/10Web-dl 1080p

ဂရေ့စ်လို့ခေါ်တဲ့ကောင်မလေးတစ်ယောက်ကငွေရေးကြေးရေးအခက်အခဲကိုတစ်ယောက်တည်းရင်ဆိုင်နေရပြီးအိမ်ငှားခတွေတခြားပေးစရာရှိတာတွေကိုပေးဖို့အတွက်ရှိတာလေးတွေပေါင်နှံနေရတဲ့သူတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ထုံးစံအတိုင်းပစ္စည်းပေါင်ဖို့အတွက်သွားခဲ့တဲ့အချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲအဲ့ဒီအပေါင်ဆိုင်ကိုဓားပြတွေကဓားပြဝင်တိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာဓားပြတွေထဲက ကားသမားကထွက်ပြေးသွားတဲ့အတွက်ဆိုင်ထဲမှာတွေ့တဲ့ဂရေ့စ်ကိုခေါ်ပြီးကားမောင်းခိုင်းခဲ့ပါတော့တယ်။ဂရေ့စ်လဲသူတို့ရဲ့ဓားစာခံအဖြစ်ကားမောင်းပေးလာရင်းနဲ့လူသူကင်းမဲ့တဲ့တစ်နေရာအရောက်မှာတော့ကားပျက်သွားခဲ့ပါတော့တယ်။သူတို့လဲဘာဆက်လုပ်ရမလဲမသိပဲတိုင်ပတ်နေတုန်းမလှမ်းမကမ်းကအိမ်တစ်အိမ်ကိုတွေ့ခဲ့ပါတယ်။ဒီလိုနဲ့အဲ့ဒီအိမ်မှာသွားတည်းခဲ့ကြပါတယ်။ဒါပေမယ့်သူတို့ထင်ထားခဲ့သလိုမဟုတ်ပဲ ဒီအိမ်မှာအရမ်းကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေနဲ့ပြည့်နှက်နေတာကိုသူတို့သိလိုက်ရတဲ့အချိန်မှာတော့သူတို့အတွက်အရမ်းနောက်ကျသွားခဲ့ပါပြီ။ဂရေ့စ်နဲ့ဓားပြသုံးယောက်ကြောက်ဖို့ကောင်းတဲ့နေရာမှာဘာတွေဆက်ဖြစ်ကြမလဲ သူတို့ထဲကဘယ်သူတွေကရောလွတ်မြောက်သွားမလဲဆိုတာကိုကြည့်ရှုရမဲ့ Horror ကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း