ဇာတ်ကားများ ရွေးရန်

Jung_E

2023ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ ဒီလထဲမှာပဲ ထွက်ရှိထားတဲ့ စိတ်ကူးယဥ်သိပ္ပံ ဒရာမာကားလေးပါ။ ကမ္ဘာဂြိုလ်ရဲ့ ရာသီဥတုအကြီးအကျယ်ပြောင်းလဲမှုကြောင့် အာကာသထဲမှာ နေကြရတဲ့ ၂၂ရာစုကာလကို ဇာတ်အိမ်တည်ထားပါတယ်။ အာကာသထဲမှာ နေထိုင်ကြရင်း ပြည်တွင်းစစ်ဖြစ်ကြတဲ့အခါ မဟာမိတ်တပ်ဖွဲ့ကို ကပ္ပတိန် ယွန်းဂျောင်အီက ဦးဆောင်ခဲ့တယ်။ ဒါပေမဲ့ ယွန်းဂျောင်အီဟာ နောက်ဆုံးစစ်ဆင်ရေးကို မအောင်မြင်လိုက်ဘဲ ကိုမာဝင်သွားခဲ့တာမို့ စစ်ပွဲကြီးဟာလည်း အဆုံးမသတ်နိုင်ဘဲ နှစ်ပေါင်း ၄၀ကျော်အောင် ရှည်ကြာခဲ့တာပေါ့။ ခရိုနွိုက်ဆိုတဲ့ AI ကုမ္ပဏီက ယွန်းဂျောင်အီရဲ့ ဦးနှောက်ဒေတာတွေကို အသုံးပြုပြီး တိုက်ပွဲဝင် AI ဖန်တီးပြီးတော့ စစ်ပွဲကိုအဆုံးသတ်ဖို့ ကြိုးစားခဲ့တယ်။ အဲဒီ ဂျောင်အီ ပရောဂျက်ကို ဦးဆောင်သူ သုတေသီက ယွန်းဂျောင်အီရဲ့ သမီးဖြစ်သူ ယွန်းဆောဟျွန်းပါပဲ။ ယွန်းဆောဟျွန်းက ဂျောင်အီပရောဂျက်ကို အောင်မြင်ပြီး တစ်ချိန်က အမေဖြစ်သူရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်မလားဆိုတာကို Jung E ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း