M3GAN
Chucky တို့ Annabelle တို့လိုမျိုးစိတ္တဇအရုပ်တွေကိုကြိုက်တဲ့သူတွေအတွက်နောက်ထပ်အရုပ်တစ်ရုပ်ထပ်ပေါ်လာပြန်ပါပြီ။ဒီတစ်ရုပ်ရဲ့နာမည်ကတော့ M3GAN (မက်ဂန်) လို့ခေါ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ကေဒီဆိုတဲ့ကောင်မလေးတစ်ယောက်ကသူမရဲ့မိဘတွေနဲ့ခရီးသွားနေရင်းနဲ့ယာဉ်တိုက်မှုဖြစ်ပြီးမိဘနှစ်ပါးလုံးဆုံးပါးသွားခဲ့ပါတယ်။အဲ့ဒီအခါမှာသူ့အဒေါ်ဖြစ်တဲ့ဂမ်မာကယာယီအုပ်ထိန်းသူအဖြစ်နဲ့သူမကိုခေါ်ထားခဲ့ပါတယ်။ဂမ်မာကအဲ့ဒီအချိန်မှာအရမ်းခေတ်စားနေတဲ့ကလေးတွေအတွက်စကားပြန်ပြောနိုင်တဲ့အရုပ်တွေကိုထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုမှာလုပ်နေတာပဲဖြစ်ပါတယ်။သူမကအဲ့ဒီအရုပ်တွေထက်ပိုသာတဲ့ AI နည်းပညာသုံးထားတဲ့လူလိုမျိုးစက်ရုပ်တစ်ရုပ်ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီစက်ရုပ်ကတော့မက်ဂန်ပဲဖြစ်ပါတယ်။ဒီလိုနဲ့မက်ဂန်ကိုမရောင်းချသေးခင်တူမဖြစ်တဲ့ကေဒီနဲ့စမ်းသပ်ခဲ့ရာမှာတော့အစပိုင်းမှာတော့အဆင်ပြေပေမဲ့ နောက်ပိုင်းမှာမထင်မှတ်ထားတဲ့ကြောက်လန့်စရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာခဲ့ပါတော့တယ်။ဒီကားလေးကလဲရိုးရိုးလေးနဲ့သည်းထိတ်ရင်ဖိုအရသာကိုခံစားချင်တဲ့သူတွေအတွက်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း