ဇာတ်ကားများ ရွေးရန်

An Action Hero

2022ဇာတ်ကားWeb-dl 1080p

2022ခုနှစ်ထွက် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ မာနဗ့်ဆိုတဲ့ နာမည်ကြီးအက်ရှင်မင်းသားတစ်ယောက်။ သူ့နယ်ပယ်မှာ အတော်နာမည်ရပြီး အောင်မြင်ကျော်ကြားနေတဲ့သူ။ သူ့အလုပ်ပေါ်မှာလည်း စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်တတ်တယ်။ အဲဒီလိုနဲ့တစ်နေ့ရိုက်ကွင်းကို ဗစ်ကီဆိုတဲ့ကောင်လေးတစ်ယောက်လာလည်တယ်။ ဗစ်ကီဆိုတာနယ်နယ်ရရတော့မဟုတ်ဘူး။ အဲဒီမြို့မျက်နှာဖုံးရဲ့ညီဆိုတော့ ဆိုးချင်တိုင်းဆိုးပေါ့။ အလုပ်ရှုပ်နေပါတယ်ဆိုတဲ့အချက်နဲ့ မာနဗ့်က ထွက်မတွေ့ဘူး။ အလုပ်ပြီးတော့လည်း ကားသစ်‌ေရာက်ပြီမလို့ စောင့်နေတဲ့လူကိုမေ့ပြီး ကားစမ်းမောင်းတယ်။ စောင့်နေရတဲ့ဗစ်ကီခမျာဒေါသပုန်ထပြီး သူ့နောက်လိုက်တယ်။ လမ်းတစ်‌ေနရာမှာ နှစ်ယောက်စကားများကြရင်း ဗစ်ကီကိုမတော်တဆသတ်မိသွားတယ်။ အဲဒီနောက် မာနဗ့်တစ်ယောက် အက်ရှင်ဟီးရိုးပီပီ ဘယ်လိုအကွက်တွေထုတ်သုံးမလဲ ကြည့်ရှူလိုက်ပါဦး။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ ac ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း