ဇာတ်ကားများ ရွေးရန်

Babylon

2022ဇာတ်ကားWeb-dl 1080p

ဒီကားထဲမှာတော့ တကယ့်ဂန္တဝင်သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Brad Pitt တို့ Spider Man အနေနဲ့လူသိများတဲ့ Tobey Maguire တို့နဲ့ Harley Quinn အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Margot Robbie အစရှိတဲ့နာမည်ကြီးသရုပ်ဆောင်တွေအများကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းကအဓိကအနေနဲ့ဟောလီးဝုဒ်မှာရုပ်ရှင်တွေစပေါ်ကာစအချိန်ကိုရိုက်ကူးထားတာဖြစ်ပြီးအရင်ခေတ်ရုပ်ရှင်ရိုက်ကူးပုံတွေ ရိုက်ကွင်းတွေကိုကြည့်ရှူရမှာပဲဖြစ်ပါတယ်။မန်ဝဲလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကသူများခိုင်းတဲ့အလုပ်တွေကိုကြုံရာကျပန်းလုပ်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အခုလဲသူ့ကိုပါတီတစ်ခုမှာစားပွဲထိုးလုပ်ဖို့ခိုင်းထားတဲ့အတွက်မန်ဝဲတစ်ယောက်စားပွဲထိုးလုပ်နေရင်းနဲ့နယ်လီဆိုတဲ့ကောင်မလေးနဲ့သွားတွေ့ခဲ့ပါတယ်။အဲ့ဒီကောင်မလေးကရုပ်ရှင်မင်းသမီးဖြစ်ဖို့ကိုရူးသွပ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒီတော့သူတို့နှစ်ယောက်စကားတွေပြောခဲ့ကြရင်းနဲ့တစ်နေ့ကျရင်ရုပ်ရှင်ရိုက်ကွင်းကိုအတူသွားကြမယ်လို့တိုင်ပင်ခဲ့ကြပါတယ်။ဖြစ်ချင်တော့နောက်နေ့မှာသူတို့အတွက်ကံတွေထကောင်းပြီးနှစ်ယောက်လုံးရုပ်ရှင်လမ်းကြောင်းကိုရောက်သွားကြပါတော့တယ်။ဒီလိုနဲ့သူတို့တွေတစ်ယောက်စီတဖြည်းဖြည်းနဲ့အောင်မြင်လာပြီးနောက်ကြုံလာရမဲ့အခက်အခဲတွေနဲ့ရုပ်ရှင်လောကထဲကအဖြစ်အပျက်တွေကိုရိုက်ကူးထားတာကိုကြည့်ရှူရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ 18+ ဇာတ်ဝင်ခန်းများအနည်းငယ်ပါဝင်သောကြောင့် မိသားစုဝင်များ၊ ကလေးသူငယ်များနှင့်အတူ ကြည့်ရှုရန်မသင့်တော်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း