ဇာတ်ကားများ ရွေးရန်

Vadh

2022ဇာတ်ကားWeb-dl 1080p

ယခုတဖန်တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေး‌ကတော့ ၂၀၂၂ခုနှစ်ထွက် Thriller ကားကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ လူ့ဘဝမှာလူရယ်လို့ဖြစ်လာရင် ကျရာတာဝန်ကိုထမ်းဆောင်ကြရတယ်။ အဖေကအဖေနေရာ သားကသားနေရာ။ ဒါပေမဲ့လည်း ‌လူသားတွေရဲ့လိုအင်ကတော့ အကန့်အသတ်မရှိတာကြောင့် ပြသာနာဆိုတာပေါ်လာရတယ်။ ဒီကားကိုတော့ သက်ကြီးရွယ်အိုလင်မယားနှစ်ယောက်အပေါ် အခြေတည်ထားပါတယ်။ သူတို့ရဲ့သားဖြစ်သူက အမေရိကားသွားချင်တယ်၊ သွားမှဖြစ်မယ်ဆိုလို့ ရှိသမျှပေးလိုက်တဲ့အပြင် ချေးပါပေးလိုက်ရတယ်။ ပိုက်ဆံချေးထားတာက အတိုးပေါ်အတိုးဆင့်တော့ လင်မယားနှစ်ယေ‌ာက် ဒုက္ခ ‌ေရာက်ရတယ်။ ကြွေးရှင်ကလည်း လူမိုက်ဖြစ်လေတော့ သူတို့အိမ်ကိုဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်တယ်။ ဒါ့အပြင်လည်း ကျေးဇူးမသိတတ်တဲ့သားကို ပိုင်ဆိုင်ထားရတော့ ကူရာမဲ့နေတဲ့လင်မယားနှစ်ယောက်။ ဇာတ်လမ်းကအချိုးအကွေ့တွေနဲ့မလို့ ကြည့်ပျော်ပါတယ်။ Dramaဆန်‌ပေမယ့် ဘာလို့Thriller ဖြစ်ရလဲဆိုတာ ကြည့်ကြည့်လိုက်ကြပါဦး။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ ac ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း