ဇာတ်ကားများ ရွေးရန်

Ditto

2022ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ ၂၀၂၂မှာ ထွက်ရှိထားတဲ့ စိတ်ကူးယဉ် အချစ်ဒရာမာကားလေးပါ။ ဂင်ယုံးက စက်မှုအင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်ပြီး စာရေးဆရာဖြစ်ချင်တဲ့ အိပ်မက်နောက်လိုက်ဖို့ ကျောင်းနားချင်နေသူပါ။ တစ်နေ့တော့ သူတို့မေဂျာကို အသစ်ရောက်လာတဲ့ ဂျူနီယာကျောင်းသူလေးတစ်ယောက်နဲ့ တွေ့ဆုံမိပြီး ချစ်မိသွားခဲ့တယ်။ အဲ့ဒီကျောင်းသူရဲ့ အာရုံစိုက်မှုကိုရနိုင်ဖို့အတွက် သူငယ်ချင်းဆီကနေ ရှေးဟောင်းရေဒီယို ​စကားပြောစက်လေးကို ငှားလာခဲ့မိတယ်။ တစ်ညမှာတော့ အဲ့ဒီစက်ကို ဂင်မူနီးဆိုတဲ့ မိန်းကလေးတစ်ယောက်က အမှတ်မထင် ဆက်သွယ်လာခဲ့ပြီး သူတို့နှစ်ယောက် စကားပြောဖြစ်သွားကြတယ်။ ဂင်မူနီးက သူ့ရဲ့ အိမ်စာအတွက် သူစိမ်းတစ်ယောက်ကို အင်တာဗျူးရမှာဖြစ်ပြီး ဂင်ယုံးက သူ့ကို ကူညီပေးမယ်ဆိုရင် အဲ့ဒီရေဒီယိုသုံးစွဲနည်းစာအုပ် ငှားပါ့မယ်ဆိုပြီး သဘောတူဖြစ်ခဲ့ကြတယ်။ ဒီလိုနဲ့ နှစ်ယောက်သား အပြင်မှာတွေ့ဖို့ ချိန်းဆိုပြီးတဲ့နောက်မှာ အဲ့ဒီရေဒီယိုလေးရဲ့ ဆန်းကြယ်တဲ့လျှို့ဝှက်ချက်ကို သိလိုက်ရတော့တယ်။ ရေဒီယိုလေးရဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ၊ ဘယ်လိုဆန်းကြယ်တဲ့ ဇာတ်ကြောင်းတွေ ဆက်ပေါ်လာမလဲဆိုတာကို Ditto ဆိုတဲ့ ဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း