ဇာတ်ကားများ ရွေးရန်

Empire of Light

2022ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ 1980ခုနှစ်က ပင်လယ်ကမ်းစပ်နားမှာတည်ရှိတဲ့ 'Empire Cinema'ဆိုတဲ့နေရာလေးမှာ ဇာတ်အိမ်တည်ထားပါတယ်။ Empire ရုပ်ရှင်ရုံရဲ့ တာဝန်ခံမန်နေဂျာ Hilary (ဟီလာရီ) နဲ့ သူရဲ့လက်အောက်ငယ်သား Steven (စတီဗင်) လူမဲBritish လူမျိုးတို့ကြားက နက်ရိူင်းတဲ့ relationship ကိုပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်၊ Hilaryဟာဆိုရင် သူရဲ့ငယ်ဘဝက မိသားစုကြောင့်ရရှိခဲ့တဲ့ trumaတွေကြောင့်စိတ်ကျရောဂါ ခံစားနေရသူဖြစ်ပြီး 'အချစ်'ဆိုတဲ့အရာကို အယုံအကြည်မရှိတဲ့သူတစ်ယောက်ပါ.. ဒါပေမဲ့ သူမဟာသူမရဲ့သူဌေးဖြစ်သူ Donald Ellisနှင့် ချစ်ကျွမ်းဝင်ခဲ့သော်လည်း..Donald ဟာ သူမကို sexual partner အနေနဲ့သာဆက်ဆံတဲ့အတွက်ကြောင့်မို့လို့ ခံစားနေရပါတယ်..တစ်ဖက်မှာတော့ Hilary တို့ရဲ့ ရုပ်ရှင်ရုံကို အလုပ်ပြောင်းလာတဲ့ Stevenဆိုတဲ့ လူမဲBritish လူမျိုးဟာ.. လုပ်ငန်းခွင်မှာရော ပတ်ဝန်းကျင်မှာပါ လူဖြူလူမဲခွဲခြားခြင်းကိုခံနေရတဲ့ ကောင်လေးတစ်ယောက်ပါ .. စိတ်ဒဏ်ရာအသီးသီးရှိနေတဲ့ သူတို့နှစ်ယောက်တွေ့ဆုံကြတဲ့အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုအားပေးမှုတွေပေးပြီး အချစ်စစ်တွေပေါ်ပေါက်လာမလဲ ဆိုတာကိုရင်ခုန်စွာကြည့်ရူ့ရမယ့် British movie ကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Elpis ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း