ဇာတ်ကားများ ရွေးရန်

A House on the Bayou

2021ဇာတ်ကားWeb-dl 1080p

လောကကြီးမှာမကောင်းမှုလုပ်တဲ့လူတွေအတွက်ပြေးစရာနေရာမရှိပါဘူး။ကိုယ်လုပ်ခဲ့တဲ့မကောင်းမှုရဲ့အကျိုးဆက်ကိုတစ်ချိန်ချိန်မှာတော့ပြန်ခံစားရမှာမလွဲဧကန်ပါပဲ။ဒီကားမှာဂျွန်ဆိုတဲ့လူကအိမ်ထောင်ရှိလျက်နဲ့တခြားကောင်မလေးတစ်ယောက်နဲ့ဖောက်ပြန်ခဲ့ပါတယ်။ဒါပေမယ့်ဇနီးဖြစ်သူကမိသားစုကိုအရမ်းတန်ဖိုးထားတဲ့သူဖြစ်တဲ့အတွက်သူ့ကိုခွင့်လွှတ်ပေးပြီးအဲ့ဒီအရာတွေမေ့ပျောက်ရအောင်ဘာရူးကအိမ်တစ်အိမ်ဆီကိုမိသားစုအပန်းဖြေခရီးထွက်ခဲ့ပါတော့တယ်။အဲ့ဒီအပန်းဖြေခရီးမှာအိုင်းဆက်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကိုတွေ့ခဲ့ပြီးအဲ့ဒီကောင်လေးတို့မြေးအဖိုးနှစ်ယောက်ကသူတို့ရဲ့အိမ်မှာညစာလာစားခဲ့ပါတယ်။ဒါပေမယ့်သူတို့မထင်ထားခဲ့တဲ့အရာတွေကအဲ့ဒီအချိန်ကစပြီးတစ်ခုပြီးတစ်ခုစတင်ဖြစ်ပေါ်လာတော့ပါတယ်။Horror ကားပီပီဇာတ်ဝင်ခန်းတိုင်းကိုကျောချမ်းပြီးကြက်သီးတွေထလောက်အောင်ကြောက်ဖို့ကောင်းပါတယ်။သွေးသံရဲရဲ Sence တွေအများကြီးမပါပဲနဲ့ကြောက်ဖို့ကောင်းနေအောင်ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးဖြစ်တာမို့ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း