Sharper
ဒီဇာတ်ကားမှာဆိုရင် အဓိကဇာတ်ကောင်၄ဦးပါဝင်ပြီးတော့ ဇာတ်ကောင်တစ်ခုစီတိုင်းကို ခွဲပြီးရိုက်ပြထားပါတယ်။ ဇာတ်ကောင်တွေကတော့ တွမ် ၊ ဆန်ဒရာ၊ မက်စ် နဲ့ မန်ဒလင်းတို့ဖြစ်ပြီး တွမ်နဲ့ဆန်ဒရာတို့နှစ်ယောက်နဲ့ ဇာတ်လမ်းစထားပါတယ်။ တွမ်က ရိုးသားတဲ့စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်ပြီးတော့ ဆန်ဒရာက စာအုပ်လာဝယ်တဲ့ တက္ကသိုလ်ကျောင်းသူပါ။ သူတို့နှစ်ယောက်က မြင်မြင်ချင်းချစ်သွားကြပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေလည်းတိုးလာကြပါတယ်။ ထင်မှတ်မထားလောက်စရာကတော့ ဆန်ဒရာက တွမ့်ဆီကနေ ဒေါ်လာပေါင်းများစွာလိမ်သွားခဲ့တာပါပဲ။ ပထမဆုံးအလိမ်ခံလိုက်ရသူကတော့ တွမ်ပေါ့။ ဒီလိုပဲ နောက်ပိုင်းဇာတ်ကောင်တွေလည်း ဘယ်လိုဆက်ပြီး လှည့်စားခံရဦးမလဲ။ ကြည့်နေရတဲ့ကိုယ်တောင် အလိမ်ခံနေရပြီလားလို့တောင်ခံစားသွားစေရမဲ့ လှည့်စားတော်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း