Cirkus
ဒီဇာတ်လမ်းလေးကတော့ ဆပ်ကပ်အဖွဲ့ရဲ့ နောက်ဆုံးပြကွက်မှာ လျှပ်စီးဗို့အားများလွန်းတဲ့ နန်းကြိုးတွေကို ကိုင်ပြပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရယူထားတဲ့ ဆပ်ကပ်အဖွဲ့ဝင် ရွိုင်းဆိုတဲ့ ခေါင်းဆောင်ရဲ့ အကြောင်းလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သွေးသားတော်စပ်မှုဟာ ထင်သလောက်အရေးမကြီးဘဲ သွန်သင်ဆုံးမမှုကသာ အရေးကြီးတယ်ဆိုတာကို လောကကြီးက လူတွေ သိအောင် ပြောပြချင်တဲ့ ဒေါက်တာတစ်ယောက်က မိဘမဲ့ဂေဟာကို ရောက်လာတဲ့ အမြွှာပူးအတွဲနှစ်တွဲကို မွေးစားမယ့်သူတွေပေါ်လာတဲ့အချိန်မှာ တစ်ယောက်စီနေရာ ပြောင်းပေးလိုက်ပါတယ်။ ဒါပေမယ့် နာမည်ကိုတော့ ရွိုင်း ၊ ရွိုင်းနဲ့ ဂျွိုင်း၊ ဂျွိုင်းဆိုပြီး နာမည်ဆင်တူပေးခဲ့ပါတယ်။ သူတို့လေးယောက် အရွယ်ရောက်လာတဲ့အချိန်မှာ အမှန်တရားကို မသိတဲ့အတွက်ကြောင့် တစ်လွဲတွေဖြစ်ကုန်ပါတယ်။ ဒီဘက်က ရွိုင်းက လျှပ်စီးတွေ မသက်ရောက်နိုင်ပေမယ့် ဟိုဘက်က ရွိုင်းကကော ဘယ်လိုတွေဖြစ်မလဲ သူတို့ရဲ့ သက်ဆိုင်ရာ ကောင်မလေးတွေနဲ့ကော ဘယ်လိုမျိုးရှုပ်မလဲ ၊ ဒေါက်တာရဲ့ လောကကြီးကို ထုတ်ပြချင်တဲ့ စမ်းသပ်ချက်ကကော အောင်မြင်ပါ့မလားဆိုတာကို ကြည့်ရမယ့်အပြင် မိဘမဲ့ဂေဟာက ကလေးတွေကို မွေးစားစေမယ့် စိတ်တွေပေါ်ပေါက်လာအောင် လမ်းညွှန်ပေးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း