ဇာတ်ကားများ ရွေးရန်

Decibel

2022ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ ၂၀၂၂တုန်းက ထွက်ခဲ့တဲ့ အက်ရှင်ဒရာမာကားလေးပါ။ ဟယ်လာရေငုပ်သင်္ဘော မြုပ်သွားပြီး တစ်နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့မှာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး သူရဲကောင်းအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒုကပ္ပတိန်ဟောင်း ဂန်ဒိုယောင်းဆီကို အမည်မသိဖုန်းတစ်ခု ဝင်လာခဲ့တယ်။ တစ်ဖက်လူက မြို့ထဲက လူစည်ကားတဲ့နေရာတွေမှာ ဗုံးတပ်ဆင်ထားကြောင်းပြောလာခဲ့တယ်။ အဲ့ဒီဗုံးတွေက ကြိမ်နှုန်း ၁၀၀ ဒက်စီဘယ်ကျော်တဲ့ အသံနဲ့တွေ့ရင် ပေါက်ကွဲမှာဖြစ်တဲ့ ထူးခြားတဲ့စနစ်နဲ့ ဗုံးတွေပါပဲ။ ဂန်ဒိုယောင်းလည်း အဲ့ဒီပေါက်ကွဲမှုတွေကို တားဆီးဖို့ ခဲရာခဲဆစ် ကြိုးစားခဲ့တယ်။ ဖောက်ခွဲရေးသမားက နောက်ဆုံးမှာ ဂန်ဒိုယောင်းရဲ့ ဇနီးနဲ့ သမီးကိုပါ ပစ်မှတ်ထားလာတဲ့အခါ... အဲ့ဒီဖောက်ခွဲရေးသမားက ဘယ်သူများဖြစ်မလဲ၊ ဘာကြောင့် ဂန်ဒိုယောင်းနဲ့ နီးစပ်သူတွေကို ပစ်မှတ်ထားရတာလဲ၊ ဂန်ဒိုယောင်းရဲ့ ဇနီးနဲ့ သမီးကရော ဘေးကင်းနိုင်ပါ့မလား ဆိုတာကို Decibel ဆိုတဲ့ ဇာတ်လမ်းလေးမှာ ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားကြည့်ရှုလို့ရပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း