I Want to Be Killed by a High School Girl
ဂျပန်နိုင်ငံကနေ ၂၀၂၂မှာထွက်ရှိလာတဲ့ Psycho ဇာတ်ကားကောင်လေးး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအစမှာတော့ Higashiyama Harutoလို့ခေါ်တဲ့ ၃၄နှစ်အရွယ် ခပ်ချောချော ဂျပန်သမိုင်းဆရာတစ်ယောက်က Nitakaအထက်တန်းကျောင်းကိုအစားထိုးဆရာအနေနဲ့ရောက်ရှိလာပါတယ်။ ရောက်လာလာချင်းမှာပဲ သူ့ရဲ့ရုပ်ရည်သွင်ပြင်နဲ့ ပေါင်းသင်းရလွယ်တဲ့ အကျင့်စာရိတ္တကြောင့် ကျောင်းသူအများစုဆီကနေ အာရုံစိုက်မှုကိုတန်းပြီးရရှိခဲ့တယ် ဒါပေမယ့် သူ့မှာ "Autassassinphilia" လို့ခေါ်ပြီး ဘယ်သူ့ကိုမှပြောလို့မရတဲ့လိုချင်တပ်မက်မှုတစ်ခုရှိတယ် အသတ်ခံချင်တဲ့စိတ်ပေါ့။ အဲ့တာကိုဖုံးကွယ်ပြီး သူ့ဘဝတစ်လျှောက်လုံးကိုသာမန်လူအနေနဲ့နေထိုင်ခဲ့ပြီး ကျောင်းကိုရောက်လာတဲ့အချိန်မှာတော့ Maho,Aoi,Kyoko,Aika လို့ခေါ်ကြတဲ့ခပ်ငယ်ငယ် ချစ်စရာကောင်မလေး ၄ယောက်စီကိုရည်ရွယ်ချက်ရှိရှိချဉ်းကပ်ပြီး ဘယ်သူ့ဆီကနေအသတ်ခံချင်ဆုံး ဆန္ဒက သူ့မှာရှိနေမလဲ မကြာခင်ကျရောက်တော့မယ့် နိုဝင်ဘာ၈ရက်နေ့၊ကျောင်းပွဲတော်နေ့ အတန်းရဲ့ပြဇာတ်ဖျော်ဖြေရတော့မယ့်အချိန်မှာ Harutoရဲ့ ဆန္ဒတွေက ဖြစ်မြောက်သွားမလား ဘယ်သူကသူ့လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးသွားမလဲ သူ့အကြံတွေဖြစ်မြောက်သွားမှာလား ဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ် ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့ မင်းသမီး မင်းသားချောချောလေးတွေကို မျက်စိအစာကျွေးနိုင်မှာဖြစ်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေးလေး ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် အချိန်မဆိုင်းပဲ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tissue ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း