Brocade Mouse Royal Cat Nine Deep Blood Wolf
ဒီဇာတ်တစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ တရုတ်သိုင်းကားအမျိုးအစားဖြစ်တဲ့ The Brocade Mouse Royal Cat Nine Deep Blood Wolf ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးထဲမှာ မြို့တော်ကို စောင့်ရှောက်ဖို့ တာဝန်ခန့်အပ်ခံထားရတဲ့ ကျန်ကျောင်းနဲ့ ဘိုင်ယုထောင်တို့က ကြောင်နဲ့ကြွက်လို မသင့်မြတ်ကြပေမယ့် မင်းကြီးကို လုပ်ကြံမယ့် ဝံပုလွေအဖွဲ့ သောင်းကျန်းလာတဲ့အချိန်မှာတော့ နှစ်ဦးသား အတူပူးပေါင်းပြီး နောက်ကွယ်က ကြိုးကိုင်သူများကို ကြိုးစားဖော်ထုတ်ကြပါတော့တယ်။ ဒီတော့ ဝံပုလွေအဖွဲ့ရဲ့ ကြိုးကိုင်သူက ဘယ်သူလဲ ဘယ်လို ရည်ရွယ်ချက်ကြောင့် ဒီလိုတွေ လုပ်နေရလဲဆိုတာ ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Fantasy နဲ့ Comedy ရောထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း