Below Zero
မာတင်က ဥပဒေကို လေးစားလိုက်နာတဲ့ ရဲအရာရှိတစ်ယောက်ပါ။ တစ်နေ့တော့ သူကတခြားဌာနကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီဌာနကို ရောက်ရောက်ချင်း သူလုပ်ရတာက တခြားရဲသုံးယောက်နဲ့အတူ ညဘက်ကြီးကို ထောင်သား ၆ ယောက်ကို ထောင်ပြောင်းဖို့ လိုက်ပို့ရတာပဲ။ အဲဒါနဲ့ပဲ သူတို့တွေ ထောင်သားတွေကို ထောင်ကားပေါ်တင်ပြီး ခေါ်လာကြတယ်။ မြူတွေကလည်းထူ ညဘက်ကြီးလည်း ဖြစ်ပြန်တော့ သူတို့လမ်းကိုတောင် ကောင်းကောင်းမမြင်ရတော့ဘဲ တခြားရဲတွေနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ အဲဒီအချိန်မှာပဲ သူတို့ကား ထိုးရပ်သွားတော့တယ်။ မြူတွေလည်းထူ တောလမ်းကလည်းဖြစ် ကားကလည်းပျက် တင်လာတာကလည်း အဆိုးအပေလူမိုက်တွေဆိုတော့ ဘာဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားကို ဆက်မကြည့်ဘဲနဲ့တောင် အဖြေသိနေပြီလို့ တွေးလိုက်မိရင်တော့ သေချာပေါက် မှားသွားပါပြီ။ ဆိုတော့ ဘာတွေဖြစ်မလဲဆိုတာ သိချင်ရင် ဇာတ်လမ်းကိုသာ ဆက်ကြည့်လိုက်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Marip Pan ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း