ဇာတ်ကားများ ရွေးရန်

The Ritual Killer

2023ဇာတ်ကားအမှတ် 4/10Web-dl 1080p

မ္ဘာကျော်မင်းသားကြီးတစ်ယောက်ဖြစ်ပြီး သူသရုပ်ဆောင်ထားတဲ့ဇာတ်ကားတိုင်းကကြည့်လို့ကောင်းတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့မော်ဂန်ဖရီးမန်းရဲ့ရုပ်ရှင်ကားအသစ်ထွက်ရှိလာခဲ့ပါပြီ။ဒီဇာတ်ကားထဲမှာမြို့တစ်မြို့က ကလေးတွေကထူးဆန်းစွာသေဆုံးနေခဲ့ပါတယ်။သေဆုံးမှုတွေကလဲရိုးရိုးသေဆုံးတာမဟုတ်ပဲရက်ရက်စက်စက်ကိုယ်လက်အင်္ဂါတွေခုတ်ထစ်ခံရပြီးမှသေဆုံးခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ဒီအမှုကိုစုံထောက်ကြီးဘွိုက်တို့ရဲ့ဌာနကစုံစမ်းခဲ့ကြပါတယ်။စုံစမ်းရင်းနဲ့သိလာရတာကဒီလိုကလေးတွေရက်ရက်စက်စက်အသတ်ခံနေရတာကဒီမြို့လေးမှာတင်မကပဲဥရောပတစ်ခွင်လုံးမှာဖြစ်နေပါတော့တယ်။အဲ့ဒီလိုလူသတ်မှုတွေရဲ့နောက်ကွယ်မှာဘယ်လိုအကြောင်းအရာတွေရှိနေမလဲဆိုတာကိုကြည့်ရှူရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း