ဇာတ်ကားများ ရွေးရန်

Karwaan

2018ဇာတ်ကားWeb-dl 1080p

ဒီဇာတ်လမ်းလေးကတော့ ခရီးသွားရင်း သေဆုံးသွားတဲ့ အဖေဖြစ်သူရဲ့အလောင်းကို အလောင်းချင်းလွဲရာကနေ ပြန်ယူဖို့အတွက်သွားတဲ့ ခရီးစဉ်တစ်ယောက်ကို ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဓာတ်ပုံဆရာဖြစ်ချင်တဲ့ဆန္ဒကို ဖြစ်ခွင့်မပေးခဲ့တဲ့ အဖေဖြစ်သူရဲ့အကြောင်းရင်းကို နားလည်လာတဲ့အချိန်မှာတော့ အရာအားလုံး နောက်ကျသွားပြီဖြစ်တဲ့ အဗီနာ့ဂ်ျ။ သူငယ်ချင်းအဖေအလောင်းကို သယ်ယူဖို့ ကူညီပေးမယ့် ရှာခက်က ကား‌မောင်းပြီး လိုက်ပို့ပေးခဲ့ပါတယ်။ အလောင်းချင်းမှားလာတဲ့ အဖွားရဲ့ မြေးမလေးတန်ညာနဲ့ သူငယ်ချင်းနှစ်ယောက်ကော အဆင်ပြေပါ့မလား။ ဒီကားလေးထဲမှာတော့ မိခင်ဖခင်တို့ရဲ့ သားသမီးအပေါ်ထားရှိတဲ့ ချစ်မေတ္တာတွေအပြင် လူငယ်တွေရဲ့ ငယ်ဂုဏ်အကြောင်းကို ရိုက်ထူးထားတာဖြစ်တဲ့အတွက် ကြည်နူးနှစ်သက်မှုအပြည့်နဲ့ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း