ဇာတ်ကားများ ရွေးရန်

Shivaay

2016ဇာတ်ကားWeb-dl 1080p

ယခုတစ်ခါတင်ဆက်ပေးချင်တာကတော့ ၂၀၁၆ခုနှစ်ထွက် မေတ္တာဖွဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ရှီဗာဆိုတဲ့ ဟိမဝန္တာတောင်တန်းတွေကို ချစ်မြတ်နိုးတဲ့ကောင်လေးတစ်ယောက်။ အလည်လာသူ တစ်ပြည်သူနဲ့ ချစ်ကျွမ်းဝင်ခဲ့တယ်။ အချိန်တန်ရင်သက်ဆိုင်ရာနေရာဆီပြန်ရမယ်ဆိုပေမယ့် ရှိနေတုန်းအချိန်လေးကို တစ်ဘဝစာသတ်မှတ်ပြီး ချစ်ခဲ့ကြတယ်။ ကံကြမ္မာက မမျှော်လင့်ဘဲ သူတို့ကို ရတနာလေးတစ်ခုပေးအပ်လာတယ်။ မိသားစုဘဝကိုတောင့်တမိတဲ့ရှီဗာအဖို့ သမီးလေးက ရတနာလေးတစ်ပါးလိုပဲ။ အမေဖြစ်သူကတော့ ကလေးမွေးပေးခဲ့ပြီး တစ်ချက်လှည့်မကြည့့်ဘဲ မွေးရပ်ကိုပြန်သွားတယ်။ အဖေနဲ့သမီးနှစ်ယောက်တည်း သာယာနေတဲ့ဘဝထဲကို မုန်တိုင်းတစ်ခုဝင်ရောက်လာတဲ့အခါ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ကြည့်ရှူလိုက်ကြပါဦး။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ ac ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း