ဇာတ်ကားများ ရွေးရန်

Luther: The Fallen Sun

2023ဇာတ်ကားWeb-dl 1080p

တစ်ရက်မှာ ကယ်လမ်ဆိုတဲ့ကောင်လေးဆီ လူတစ်ယောက်ဖုန်းဆက်လာခဲ့ပြီး သူ့ကို ၁၅ မိနစ်အတွင်း လာတွေ့ဖို့ပြောခဲ့တယ်။ အဲဒီနောက် ကယ်လမ်ဆိုတဲ့ ကောင်လေးဟာ အစအနရှာမရအောင် ပျောက်သွားခဲ့တယ်။ အဲဒီအမှုကိုစုံထောက် ဂျွန်လူသာက တာဝန်ယူပြီးစုံစမ်းခဲ့တယ်။ အမှုကိုစုံစမ်းနေတုန်းမှာပဲ လူသာဟာ အရင်ကလုပ်ခဲ့တဲ့ လာဘ်ထိုးမှု၊ သံသယရှိသူကို ခြိမ်းခြောက်မှု၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှုတွေကြောင့် ထောင်ဒဏ်နှစ်ရှည်ကျသွားခဲ့တယ်။ လူသာထောင်ထဲရောက်သွားတော့ ကယ်လမ်ရဲ့အမှုက ဘာမှတိုးတက်မှုရှိမလာတဲ့အပြင် ကွင်းဆက်လူသတ်သမားက လူသတ်မှုတွေကို စိတ်ကြိုက်ဖန်တီးနေတယ်။ အဲဒီသတင်းကိုသိလိုက်ရတဲ့ လူသာဟာ ထောင်ဖောက်ပြီး တရားခံကိုဖမ်းဖို့ကြိုးစားခဲ့တယ်။ လူသာတစ်ယောက် ထောင်ကနေထွက်ပြီး လူသတ်သမားကိုဖမ်းဖို့ကြိုးစားရင်း လူသတ်သမားအကြောင်းကို သိလိုက်ရတဲ့အခါ......။ ကွင်းဆက်လူသတ်သမားဇာတ်လမ်းကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Marip Pan ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း