ဇာတ်ကားများ ရွေးရန်

Antique

2008ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ ၂၀၀၈ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ဒရာမာကားလေးပါ။ ဂျင်ယော့က ပြည့်စုံတဲ့မိသားစုကဆင်းသက်လာတဲ့ တစ်ဦးတည်းသောသားတစ်ယောက်ပါ။ အစစအရာရာ ပြီးပြည့်စုံပေမဲ့ ငယ်စဉ်ကလေးဘဝမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် ဘဝက တစ်ခုခုလိုအပ်နေသလို ခံစားခဲ့ရတယ်။ သူပြန်ပေးဆွဲခံခဲ့ရတဲ့ အဖြစ်အပျက်ကို ဘာတစ်ခုမှမမှတ်မိတဲ့အတွက် တရားခံကိုလည်း မဖမ်းနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူမှတ်မိတာတစ်ခုဆိုလို့ ပြန်ပေးသမားက သူ့ကို ကိတ်မုန့်တွေပဲ ဝယ်ကျွေးခဲ့တယ်ဆိုတာပါပဲ။ ဒီတော့ သူ့ဘဝက အခုလိုဖြစ်နေတာ အဲ့ဒီမေ့သွားတဲ့မှတ်ဉာဏ်တွေကြောင့်များလားဆိုပြီး တွေးမိလာတော့တယ်။ ဒီလိုနဲ့ ကိတ်မုန့်ကြိုက်တဲ့ ပြန်ပေးသမားကို မျှားခေါ်ဖို့ Antique ဆိုတဲ့ ကိတ်မုန့်ဆိုင်လေးဖွင့်ခဲ့တယ်။ သူ့ဆိုင်မှာ မုန့်ဖုတ်ဆရာအဖြစ် အထက်တန်းတုန်းက သူ့ကို ဖွင့်ပြောခဲ့တဲ့ လိင်တူသဘောကျသူ သူငယ်ချင်းကို ခန့်ထားလိုက်တယ်။ အဲ့ဒီသူငယ်ချင်းကလည်း သူ့ပြဿနာနဲ့သူပါ။ နောက်ပိုင်းမှာ လက်ဝှေ့ချန်ပီယံဟောင်းတစ်ယောက်နဲ့၊ သူ့ရဲ့သက်တော်စောင့်ပါ ဆိုင်ကိုရောက်လာခဲ့တယ်။ ပြဿနာကိုယ်စီနဲ့ သူတို့တွေ ကိတ်မုန့်ဆိုင်ကို ဘယ်လို စီမံခန့်ခွဲကြမှာလဲ၊ ဂျင်ယော့ကရော ပျောက်နေတဲ့မှတ်ဉာဏ်တွေ ပြန်ရမှာလား၊ သူ့ကို ပြန်ပေးဆွဲခဲ့တဲ့သူကရော ဘယ်သူလဲ၊ မုန့်ဆိုင်နဲ့ ဘယ်လိုဆက်စပ်မိမှာလဲဆိုတာကို ဟာသလေးနှောပြီး ရိုက်ကူးပုံဖော်ထားတဲ့ Antique ဆိုတဲ့ ဇာတ်လမ်းလေးကို M Sub Movie မှာ ကြည့်ရှုနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း