Freeze
ကပ်ပတိန်ရိုလန်တို့စူးစမ်းရှာဖွေတဲ့အဖွဲ့ဟာ မြောက်၀င်ရိုးစွန်းကိုလေ့လာစူးစမ်းဖို့ ထွက်သွားရင်းပျောက်ဆုံးသွားတဲ့ မိတ်ဆွေ ကပ်ပတိန်စတိုင်နာကို ကယ်တင်ဖို့ ခရီးထွက်ခဲ့ကြပါတယ်။ အဖွဲ့သားတွေ ဆောင်းမရောက်ခင် ၀င်ရိုးစွန်းကို ရောက်အောင်သွားဖို့ကြိုးစားပေမယ့် အချိန်မီမရောက်နိုင်ဘဲ သောင်တင်နေပါတယ်။ ပါလာတဲ့ရိက္ခာတွေ ပစ္စည်းတွေပြတ်လပ်သွားမှာပါ စိုးရိမ်စရာဖြစ်လာပါတယ်။ ၀င်ရိုးစွန်းဒေသနဲ့ပတ်သက်ပြီး နှံ့စပ်သူဆရာက အဘက်ဘက်က အန္တရာယ်များတဲ့အတွက် ဆက်မသွားတော့ဖို့တားခဲ့ပေမယ့် ရိုလန်က မိတ်ဆွေဖြစ်သူကိုကယ်တင်ရမှာဖြစ်တဲ့အတွက် လက်မလျှော့ခဲ့ပါဘူး။ ဒီကြားထဲ သင်္ဘောပေါ်မှာ မသိအောင်ခိုးလိုက်လာတဲ့မိန်းမတစ်ယောက်ကိုလည်း အဖွဲ့သားတစ်ယောက်က ဝှက်ထားတာကို သိသွားခဲ့ပါတယ်။ အဲ့အမျိုးသမီးက ပျောက်သွားတဲ့ သူ့မိသားစု၀င်ကိုရှာဖွေဖို့ ခိုးစီးလာတာပါ။ စတိုင်နာတို့ပျောက်သွားတဲ့နေရာနား ရောက်တဲ့အခါမှာတော့ သင်္ဘောပေါ်ကို ကြောက်စရာသတ္တဝါကြီးတွေရောက်လာပြီး အဖွဲ့သားတွေကို သတ်ဖြတ်စားသောက်ကြပါတော့တယ်။ ရိုလန်တို့လည်း လက်နက်တွေသယ်ပြီး ရေခဲတောင်တွေထဲကို ထွက်ပြေးရပါတယ်။ တောင်ပေါ်က ဂူတစ်ခုထဲမှာစခန်းချဖို့ ပြင်ဆင်ရင်း အကောင်ကြီးတွေနဲ့လည်း ရင်ဆိုင်တိုက်ခိုက်ရပါတယ်။ ကံအားလျော်စွာနဲ့ ရလန်က သူ့မိတ်ဆွေ စတိုင်နာကို ဂူထဲမှာ ရှာတွေ့ခဲ့ပါတယ်။ နောက်မှသိရတာကတော့ စတိုင်နာက ၀င်ရိုးစွန်းကိုရှာဖွေဖို့ထွက်လာတာမဟုတ်ဘဲ စာအုပ်တစ်အုပ်ကြောင့်ရောက်လာတာပါ။ သူ့ရဲ့ရည်ရွယ်ချက် လုပ်ရပ်တွေက ရိုလန်ထင်ခဲ့တာတွေတစ်ခုမှမဟုတ်ဘဲ စိတ္တဇအတွေးအခေါ်တွေဖြစ်နေပါတယ်။ စတိုင်နာက သတ္တဝါကြီးတွေနဲ့ပူးပေါင်းပြီး ကမ္ဘာကြီးကို အုပ်စိုးဖို့ကြံစည်ထားတဲ့အတွက် ရိုလန်တို့နဲ့ ထိပ်တိုက်ရင်ဆိုင်ပါတယ်။ အဆုံးသတ်မှာ စတိုင်လာရည်ရွယ်ချက်အောင်မြင်မလား၊ ရိုလန်တို့အနိုင်ရမလား၊ အမျိုးသမီးရဲ့မိသားစု၀င်ရော အသက်ရှင်နေသေးလား၊ သတ္တဝါတွေနဲ့ရင်ဆိုင်ပြီးနောက်ဆုံးမှာ ဘယ်သူတွေရှင်ကျန်ရစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း