Tetris
ငယ်ငယ်က အတုံးတွေဆက်ပြီးကစားခဲ့တဲ့ ဂိမ်းကိုမှတ်မိဦးမယ်ထင်ပါတယ်။ တုတ်ချောင်းတွေ၊ အတုံးတွေကို အပြန်ပြန်လှည့်ပြီး ကွက်တိကျအောင်ထည့်ပြီး ဆော့ရတဲ့ဂိမ်းကိုလေ။ ဒီရုပ်ရှင်ကတော့ အဲ့ဒီဂိမ်းဖြစ်ပေါ်လာပုံကနေစပြီးတော့ နောက်ဆုံးမူပိုင်ခွင့်ရပြီး ဘယ်ကုမ္ပဏီကနေ ဖြန့်ဝေတယ်ဆိုတာအထိကို ရိုက်ပြထားတာပါ။ ဂိမ်းကိုစစချင်းဖန်တီးရာမှာတော့ ဘာဂရပ်ဖစ်မှ မပါဘဲ ကွင်းစကွင်းပိတ်ပုံစံ အရာတွေကို တစ်သားတည်းကျအောင် လုပ်ရတာပါ။ ဒီဂိမ်းကို ဖန်တီးတဲ့သူကလည်း သူနဲ့ သူ့ဘော်ဒါတွေ အပျင်းပြေဆော့ဖို့အတွက်ပဲ ဖန်တီးခဲ့တာ။ အဲ့နောက်မှာတော့ မူပိုင်ခွင့်တွေနဲ့ပတ်သတ်ပြီး ဘယ်လိုတွေလုပ်ရမယ်ဆိုတာကို ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုရမှာပါ။ ရှရှားရဲ့ ဆိုဗီယက်ပြည်ထောင်စု အကြောင်းကလည်း အဲ့ဒီဂိမ်းနဲ့ပတ်သတ်နေပါတယ်။ တတ်ထရစ်ဆိုတဲ့ဂိမ်းပေါ်ပေါက်လာပုံနဲ့ ဆိုဗီယက်ပြည်ထောင်စုအကြောင်းကို ဒီရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Morph ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း