Hunger
မိသားစုမျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ခေါက်ဆွဲကြော်ဆိုင်ကို ဦးဆောင်နေတဲ့ အိုဝီ... သာမန်လူတန်းစားဘဝကနေ ရုန်းထွက်ချင်နေပြီး ရည်မှန်းချက်လည်းကြီးမားတဲ့အိုဝီအတွက် ဆင်ခြေဖုံးရပ်ကွက်က စားသောက်ဆိုင်လေးဟာ သူ့ရည်မှန်းချက်နဲ့အရမ်းကိုကွာဝေးနေပါတယ်။ သူ့ရဲ့အကြော်အလှော်ကျွမ်းကျင်မှုတွေကို သတိထားမိတဲ့လူတစ်ယောက်က သူ့ကိုအလုပ်ကမ်းလှမ်းလာခဲ့ပါတယ်။ နိုင်ငံကျော်ထိပ်တန်းစီးပွားရေးသမားနဲ့နိုင်ငံရေးသမားတွေလို အထက်တန်းလွှာတွေအတွက်ပဲ သီးသန့်ချက်ပြုတ်ပေးတတ်တဲ့ စားဖိုမှူးပေါလ်ရဲ့အဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်ဖို့ ကမ်းလှမ်းလာခဲ့တာပါ။ ဒီတော့ အောင်မြင်ချင်တဲ့အိုဝီတစ်ယောက် မိသားစုစီးပွားရေးလုပ်ငန်းကိုထားခဲ့ပြီး စားဖိုမှူးပေါလ်ရဲ့အဖွဲ့ထဲကိုဝင်သွားတဲ့အခါ ဘယ်လိုခက်ခဲ ဆန်းပြားမှုတွေနဲ့ကြုံတွေ့သွားရမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း