ဇာတ်ကားများ ရွေးရန်

Switch

2023ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ ၂၀၂၃ခုနှစ် ဇန်နဝါရီလက ထွက်ရှိခဲ့တဲ့ ဟာသဒရာမာလေးပါ။ ဘတ်ဂန်က ထိပ်တန်းရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ပြီး အချစ်ရေးသတင်းတွေ အများကြီးဖန်တီးလေ့ရှိသူပါ။ အများအမြင်မှာတော့ အောင်မြင်မှုတွေ၊ ကြွယ်ဝချမ်းသာမှုတွေနဲ့ ပြည့်စုံတယ်လို့ ထင်ရပေမဲ့ သူ့အတွက်တော့ ဘဝက အဲ့ဒီလောက် အဓိပ္ပာယ်ရှိမနေခဲ့ပါဘူး။ ဒီလိုနဲ့ ခရစ္စမတ်အကြိုညမှာ သူ့သူငယ်ချင်းလည်းဖြစ်တဲ့ သူ့မန်နေဂျာနဲ့အတူ အရက်သောက်ဖြစ်ခဲ့ပြီး မူးမူးနဲ့ တက္ကစီစီးပြီးတော့ အိမ်ပြန်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီတက္ကစီဒရိုက်ဘာက ထူးထူးဆန်းဆန်းစကားတွေပြောခဲ့ပြီး လက်ရှိဘဝကို ပြောင်းလဲချင်သလားလို့ မေးခဲ့တယ်။ နောက်နေ့မနက် နိုးလာချိန်မှာတော့ သူ့ဘဝဟာ ချောက်ချားစရာကောင်းလောက်အောင် ပြောင်းလဲသွားပါတော့တယ်။ ဘတ်ဂန်ရဲ့ဘဝက ဘယ်လိုပြောင်းလဲသွားမှာလဲ၊ ​အဲ့ဒီဘဝအသစ်မှာ နေပြီးတဲ့အခါ နဂိုဘဝကို ပြန်သွားချင်ဦးမှာလားဆိုတာကို ဟာသလေးနှောပြီး ဒရာမာလေးတွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ Switch ဆိုတဲ့ ဇာတ်ကားလေးကို M Sub Movie မှာ ခံစားကြည့်ရှုနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း