Faraway
ပျော်ရွှင်မှုအကြောင်းရိုက်ကူးထားတဲ့ တူရကီကားတစ်ကားဖြစ်ပါတယ်။ ဇေးနပ်ဆိုတဲ့ အမျိုးသမီးဟာ ခင်ပွန်း၊ သမီးတို့နဲ့ နေထိုင်ရင်း ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့သူဖြစ်ပါတယ်။ ခင်ပွန်းက စားဖိုမှုးဖြစ်ပြီး အလုပ်များလွန်းတော့ ဇနီးဖြစ်သူကို အချိန်မပေးနိုင်ဘဲ သူ့သားသောက်ဆိုင်အတွက်ပဲ လုံးပန်းရင်းအချိန်ကုန်နေတာပါ။ သမီးဖြစ်သူကလည်း အပျိုဖော်၀င်တည်းကစပြီး ဇေးနပ်ကို ခပ်တန်းတန်းပဲ နေပြီး ဖအေကိုပဲ ပိုကပ်တာပါ။ ဇေးနပ်ရဲ့မိခင် နာရေးကို သွားကြတဲ့အခါမှာ ခင်ပွန်းက မိန့်ခွန်းပြောဖို့လုပ်ထားတာကို သူ့ဆိုင်မှာ အလုပ်များရင်း သွားဖို့မေ့သွားပါတယ်။ ပြသာနာအသေးလေးတွေကနေ တစ်စတစ်စစုလာပြီး ဒီကြားထဲ ခင်ပွန်းဖြစ်သူကဆိုင်က ၀န်ထမ်းအသစ်လေးနဲ့ ဘာလိုလိုဆိုတော့ ဇေးနပ်က သည်းမခံနိုင်တော့ဘဲ သူမ အမေ အမွေအဖြစ်ထားခဲ့တဲ့ ခရိုအေးရှားက အိမ်ကို ထွက်လာပါတော့တယ်။ ခရိုးအေးရှားက အိမ်ရောက်တော့ အဲ့မှာ လူတစ်ယောက်က နေနေပြီးသားပါ။ သူမအမေဝယ်တုန်းက ပိုင်ရှင်မလာခင်ထိနေလို့ရတယ်လို့ သဘောတူထားတဲ့အတွက် အဲ့အရင်ပိုင်ရှင်လူက နေနေတာပါ။ အဲ့ကျွန်းကလူတွေအတွက် အိမ်ဆိုတာ သာမန်အိမ်တစ်လုံးထက် အဓိပ္ပါယ်တွေ အများကြီးရှိပါတယ်တဲ့။ ဇေးနပ်က အဲ့အိမ်မှာနေရင်း အိမ်ကို အငှားထားဖို့စီစဉ်ပါတယ်၊ ဒါမယ့် အဲ့မှာနေနေတဲ့ ရိုဆစ်က သမိုင်းကြောင်းတွေပြည့်နေတဲ့ အိမ်ကို သူများလက်ထဲမထည့်ချင်ပါဘူး။ ရိုဆစ်ရဲ့မိသားစုအစဉ်အဆက်နေခဲ့တဲ့ အိမ်လည်း ဖြစ်လို့ပါ။ ဒီလိုနဲ့ ဇေးနပ်က သူမအမရဲ့ ဒိုင်ယာရီကို ဖတ်ပြီး သူမအမေဆိုလိုတဲ့ ပျော်ရွှင်မှုကို သဘောပေါက်လာပါတယ်။ နောက်ဆုံးမှာ အိမ်ကို ရောင်းပစ်မှာလား၊ သူမခင်ပွန်းကရော သူမနဲ့ ပြန်လက်တွဲမလား၊ ရိုဆစ်နဲ့ကရော ဘယ်လို ဇာတ်လမ်းရှိလာမှာလဲ၊ ဇေးနပ်ကရော သူ့ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာတွေ့ပါ့မလား....ဆိုတာတွေကို ရှုခင်းကောင်းလေးတွေနဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ကြပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း