ဇာတ်ကားများ ရွေးရန်

Children...

2011ဇာတ်ကားWeb-dl 1080p

ဒီကားလေးကတော့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်ကိုးကား သည်းထိတ်ရင်ဖို ဒရာမာလေးပါ။ ၁၉၉၁ ခုနှစ် တစ်နေ့သောအခါမှာ ဒယ်ဂူရွာလေးက ကျောင်းသားလေး၅ယောက် တောင်ပေါ်တက်သွားရာကနေ ပျောက်ဆုံးသွားခဲ့တယ်။ လူအင်အား ရဲအင်အား သုံးသိန်းကျော်သုံးပြီး တစ်နိုင်ငံလုံးအနှံ့ ကလေးတွေကို လိုက်ရှာခဲ့ပေမဲ့ ၄နှစ်ကြာသွားတဲ့အထိ လူလည်းမတွေ့၊ သေဆုံးပြီလို့ သတ်မှတ်ရအောင်လည်း အလောင်းတောင်မတွေ့ခဲ့ရပါဘူး။ ဒီလိုနဲ့ ဆိုးလ်ကနေ ဒယ်ဂူကို ပြောင်းလာတဲ့ ရုပ်သံရိုက်ကူးရေး ပီဒီတစ်ယောက်က တက္ကသိုလ်က ပါမောက္ခတစ်ယောက်နဲ့ပေါင်းပြီး သောကရောက်နေတဲ့ ကလေးမိဘတွေကို တရားခံပါလို့ စွပ်စွဲပြီး နာမည်ကြီးရှိုးရိုက်ဖို့ပါ ကြိုးပမ်းလိုက်ပြန်သေးတယ်။ အဲ့ဒီကနေ နောက်ထပ် ၁၀နှစ်အကြာ မုန်တိုင်းအပြင်းအထန်ကျပြီးတဲ့နောက်မှာ ပျောက်ဆုံးနေတဲ့ ကလေးတွေရဲ့အလောင်းတွေ သူတို့ပျောက်သွားတဲ့ တောင်မှာတင် ပေါ်လာခဲ့တယ်။ ကလေးတွေရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုးဖြစ်မလား၊ လူသတ်မှုဖြစ်မလား၊ တရားခံကရော ဘယ်သူဖြစ်မလဲ၊ တရားခံကိုရော အောင်မြင်စွာ အပြစ်ပေးနိုင်ပါ့မလားဆိုတာကို The Children ဆိုတဲ့ ဇာတ်လမ်းလေးမှာ ခံစားကြည့်ရှုနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း