ဇာတ်ကားများ ရွေးရန်

Selfiee

2023ဇာတ်ကားအမှတ် 6/10Web-dl 1080p

ယခုတဖန်တင်ဆက်ပေးချင်တာကတော့ ဗီဂျေးကူမားရဲ့ ဗီဂျေးကူမားဇာတ်ကောင်ကိုယူပြီး ရိုက်ထားတ‌ဲ့ စူပါစတားနဲ့ပရိတ်သတ်ကြား ဆက်နွယ်မှုကို ဖော်ထုတ်ပြသတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဆိုရရင် အွန်ပရာကတ်ဆိုတဲ့ လိုင်စင်အင်စပက်တာတစ်ယောက်။ သူက ဗီဂျေးကူမားရဲ့ အကြီးစားပရိတ်သတ် ဖန်စစ်စစ်ကြီး။ အဲဒီလိုနဲ့တစ်နေ့ သူနေတဲ့ဘိုပါလ်မြို့ကို ဗီဂျေးကူမားက ရိုက်ကွင်းရှိလို့လာတယ်။ ပရိတ်သတ်တစ်ယောက်အတွက်တော့ အခွင့်အရေးကြီးပေါ့။ ကံကြမ္မာကဖန်လာတော့ ဗီဂျေးကူမားက ယာဉ်မောင်းလိုင်စင်မဖြစ်မနေလုပ်ရမယ်။ အဲဒီအတွက်အွန်ပရာကတ်က တာဝန်ယူ‌ေပးရတယ်။ သူလိုင်စင်လုပ်‌ေပးမယ် ဒါပေမဲ့ ဗီဂျေးနဲ့အတူဆယ်ဖီလ်တစ်ပုံလောက် ရိုက်ခွင့်ပေးပါ‌ပေါ့။ အဲဒီလိုဆယ်ဖီလ်တစ်ပုံက‌နေ ဘာအရှုပ်ထုပ်တွေဖြစ်လာဦးမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။ ဤဇာတ်ကားကိုအညွှန်းရေးသားပြီး ဘာသာပြန်ပေးသူမှာ ac ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း