ဇာတ်ကားများ ရွေးရန်

Clock

2023ဇာတ်ကားWeb-dl 1080p

ကိုယ်၀န်ဆောင်တာနဲ့ ပတ်သက်တဲ့ horror movie အမျိုးအစားဖြစ်ပါတယ်။ အမျိုးသမီးတိုင်းမှာ ရှိတဲ့ ဇီ၀နာရီအကြောင်းကို ရိုက်ကူးထားတာပါ အသက် 37 နှစ်အရွယ်အယ်လာဆိုတဲ့ အမျိုးသမီးဟာ အောင်မြင်တဲ့ အိမ်တွင်းပိုင်းအလှဆင်ဒီဇိုင်နာ ဖြစ်ပြီး သူမယောကျာ်းရယ် အဖေဖြစ်သူရယ်နဲ့ ပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်းနေတာပါ။ သူတို့မောင်နှံမှာ သားသမီးမရှိပါဘူး။ အထူးသဖြင့် အယ်လာက ကလေးမလိုချင်တာပါ။ယောက်ျားဖြစ်သူ အေဒန်ကလည်း ကလေးရှိတာမရှိတာက သူ့အတွက်ကိစ္စမရှိတဲ့အတွက် အဆင်ပြေနေပါတယ်။ သူမရဲ့ သူငယ်ချင်းတွေအားလုံးကတော့ ကလေးတွေကိုယ်စီနဲ့ဖြစ်ပြီး အယ်လာကိုပါ ကလေးယူစေချင်ကြတာပါ။ အယ်လာတို့ အဖေမျိုးဆက်က ဂျူးလူမျိုးတွေဖြစ်ပြီးတော့ ဒီနေ့အချိန်မှာ သိပ်မကျန်တော့တဲ့အတွက် သူတို့မိသားစု မျိုးဆက်ကို ထိန်းသိမ်းဖို့ အယ်လာကို ကလေးယူစေချင်တာပါ။ အယ်လာရဲ့အမေက သူမအရွယ်လောက်မှာ ရင်သားကင်ဆာနဲ့ ဆုံးသွားတဲ့အတွက် သူတို့မှာ တခြားသားသမီးလည်း မရှိပါဘူး။ အယ်လာက‌ ကလေးမလိုချင်ပေမယ့် သူမအဖေရယ် ပတ်၀န်းကျင်ရယ်က ပြောပါများလာတော့ ဆရာ၀န်နဲ့တွေ့ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူမနဲ့တွေ့တဲ့ ဆရာ၀န်က အခြေအနေစစ်ဆေးပြီး သူနဲ့သိတဲ့ ဆရာ၀န်ဆီ ပြန်ညွှန်းလိုက်ပါတယ်။ အဲ့ဒီဆရာ၀န်ကတော့ ဒေါက်တာစီမွန်စ်ပါတဲ့။ သူက အယ်လာရဲ့ ဇီ၀နာရီက ပျက်နေတာလို့ ယူဆပြီးပြင်ဖို့ ကြိုးစားပါတယ်။ အယ်လာကို ကလေးလိုချင်စိတ်ဖြစ်လာအောင် စိတ်ပိုင်းဆိုင်ရာ ကုထုံးတွေရော ဆေးဝါးတွေရော၊ အစားထိုးထည့်တဲ့နည်းသစ်တွေနဲ့ပါ စတင်ကုပေးပါတော့တယ်။ အဲ့နောက်မှာတော့ အယ်လာဟာ ကလေးလိုချင်စိတ်ဖြစ်လာမလား၊ ဒေါက်တာစီမွန်စ်ရဲ့ကုထုံး အောင်မြင်မလား၊ အရာရာက အယ်လာထင်သလို မြင်နေသလို ဟုတ်ပါ့မလားဆိုတာကတော့....... ကလေးမွေးတဲ့အခန်းတွေနဲ့ ထိတ်လန့်စရာ အခန်းတချို့ပါတာမို့ horror ကားကြိုက်တဲ့သူတွေ ရင်တဖိုဖိုနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း