Kabzaa
1974 ခုနှစ်ကိုအခြေခံရိုက်ကူးထားတဲ့ဒီကားလေးက အိန္ဒိယနိုင်ငံမှာလွတ်လပ်ရေးရနိုင်ဖို့အတွက် ကြိုးစားနေကြတဲ့အချိန်ကာလကိုရိုက်ကူးထားတာပါ။အာမာရာဆွာရာ့ရှ်ဆိုတဲ့လွတ်လပ်ရေးအတွက် တိုက်ခိုက်နေတဲ့ပုဂ္ဂိုလ်ဟာ ဗြိတိန်တွေလက်အောက်က လွတ်အောင်တိုက်ခိုက်ပေးရင်း သေဆုံးသွားခဲ့ပါတယ်။ထိုအချိန်သူ့မှာ ဆန်ကေ့ရှ်ဝါရာနဲ့အာကေ့ရှ်ဝါရာလို့ခေါ်တဲ့ သားငယ်လေးနှစ်ယောက်ကျန်နေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူသေဆုံးပြီးတဲ့နောက် ဇနီးဖြစ်သူက ကလေးတွေကိုကာကွယ်နိုင်ရန်အမရပူရမ်ကိုပြောင်းရွှေ့ခဲ့ပါတယ်။အမရပူရမ်မြို့ဟာ ဒုစရိုက်လောကတွေနဲ့ဆက်နွယ်နေတဲ့မြို့ဖြစ်ပြီး တစ်နေ့မှာတော့ဆန်ကေ့ရှ်ဝါရာက မာဖီးယားဂိုဏ်းကလူနဲ့ပက်ပင်းတိုးသွားခဲ့ပါတယ်။ အဲ့ဒီနောက် အာကေ့ရှ်ဝါရာလဲ ဒီဒုစရိုက်လောကနဲ့ဆက်နွယ်ဖို့အကြောင်းဖန်လာကာ ရင်ဆိုင်ကြုံတွေ့ရတဲ့ပြဿနာတွေနဲ့အတူ တစ်ဘက်မှာလဲ အချစ်,မိဘမေတ္တာ, ညီအစ်ကိုသံယောဇဉ်တို့နှင့် ဇာတ်အိမ်ခိုင်စွာ ဇာတ်ကြမ်းကြမ်းလေးကိုကြည့်ရှုရမှာမို့ အခုလိုပဲညွှန်းပေးလိုက်ရပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း