ဇာတ်ကားများ ရွေးရန်

King

2022ဇာတ်ကားWeb-dl 1080p

Ines နဲ့ Alex တို့ မောင်နှမနှစ်ယောက်ဟာ မိထွေးရဲ့ လက်ထဲမှာကြီးပြင်းခဲ့ရသူတွေပါ။ အငယ်မလေး Ines ဟာ သူ့အမေ ဆုံးပါးသွားပြီးကတည်းက ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးမနေတော့ဘဲတစ်ယောက်တည်းပဲနေပါတော့တယ်။ ဒါပေမယ့် တစ်နေ့မှတော့ စမ်းသပ်ခန်းထဲက ထွက်ပြေးလာတဲ့ ခြင်္သေ့ပေါက်လေး King နဲ့ တွေ့ပါတော့တယ်။ King ကို သူ့ရဲ့အရင်းနီးဆုံး အဖော်အဖြစ်သတ်မှတ်လိုက်ပြီး King ရဲ့ မိဘတွေရှိရာ အာဖရိက ကို ပြန်ပို့ပေးဖို့ ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း တစ်နိုင်ငံလုံးက King ကို လိုက်ရှာနေတဲ့အချိန် အကုန်လုံးနဲ့ရင်ဆိုင်ပြီး King ကို မွေးရပ်မြေဆီရောက်အောင် ဘယ်လိုပို့ပေးမလဲဆိုတာ….။လူသားနဲ့ တောရိုင်းတိရစ္ဆာန်အကြားက ချစ်ခြင်းမေတ္တာကို ခံစားကြည့်ရှုရမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Wutyee ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း