Toxic
ကိုရီးယားမှာ 2011 ခုနှစ်ကဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ အစိုးရအဖွဲ့တွေ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ တာ၀န်မယူတတ်မှု၊ အပြစ်ကို မ၀န်ခံမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို ထင်ဟပ်စေတဲ့ ကားတစ်ကားပါ။ ဆရာ၀န်ဂျောင်ထယ်ဟွန်းနဲ့ ဇနီးတို့ဟာ သားလေးမင်ဝူးနဲ့ အေးအေးချမ်းချမ်းနေထိုင်နေတဲ့ မိသားစုလေးပါ။ သူ့ဇနီးဖြစ်သူမှာ အမှန်တရားဘက်ကရပ်တည်တဲ့ အစိုးရရှေ့နေ ညီမဖြစ်သူ ဟန်ယောင်းဂျူရှိပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ သားလေးမင်ဝူးက နေမကောင်းဖြစ်ပါတယ်။ အိပ်ရာထဲလဲနေရာကနေ သက်သာလာတဲ့အတွက် ရေသွားကူးတုန်းမှာပဲ သတိလစ်သွားပါတယ်။ ဖခင်ရှိတဲ့ဆေးရုံရောက်လာပြီး စစ်ဆေးလိုက်တဲ့အချိန်မှာ မင်ဝူးရဲ့အဆုတ်တစ်ပိုင်းတစ်စက ခဲနေတာကို တွေ့ရပါတော့တယ်။ ဆရာ၀န်တွေပေါင်းပြီး အဖြေရှာပေမယ့် ဘာကြောက့်ဖြစ်တယ်ဆိုတာမသိရပါဘူး။ အဲ့အချိန်မှာပဲ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို ဇနီးဖြစ်သူကပါ အိမ်ခဏပြန်ရင်း ရုတ်တရက်သေဆုံးသွားပါတယ်။ ဆရာ၀န်ခင်ပွန်းက မသင်္ကာလို့ အလောင်းခွဲစိတ်မှုလုပ်လိုက်တဲ့အခါ ဇနီးဖြစ်သူရဲ့အဆုတ်ကလည်း ၃ပုံ၂ပုံလောက် ကျောက်ခဲလို မာကျောနေတာတွေ့ရပါတယ်။ ဒီလိုနဲ့ ရောဂါရဲ့ ဇာစ်မြစ်ကိုသိရဖို့ ဂျောင်ထယ်ဟွန်းနဲ့ ခယ်မဖြစ်သူတို့ အတူတကွ အလားတူရောဂါသည်တွေကို လေ့လာစစ်တမ်း ကောက်ကြပါတယ်။ အဲ့ဒီအချက်အလက်တွေကနေ သူတို့ ဘာကိုသိရမလဲ၊ အလားတူရောဂါသည်တွေက ဘာကြောင့်သေဆုံးရတာလဲ၊ အမှန်တရားက ပေါ်ပေါက်လာမှာလား၊ နောက်ဆုံးမှာ တရားမျှတမှုကိုရရှိမှာလားဆိုတဲ့ စိတ်၀င်စားစရာ အကြောင်းအရာတွေကို မျက်တောင်မခတ်တမ်း ကြည့်ရှုလိုက်ကြပါနော်။ ဖြစ်ရပ်မှန်ကိုရိုက်ထားတာဖြစ်တဲ့အတွက် ကြည့်ရတာ တန်စေမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း