ဇာတ်ကားများ ရွေးရန်

Ved

2022ဇာတ်ကားWeb-dl 1080p

ဒီကားထဲမှာတော့ခရစ်ကတ်အသင်းထဲဝင်နိုင်ဖို့ ကြိုးစားနေတဲ့ကစားသမား 'ဆတ်ယ'ဟာ ဘဝမှာခရစ်ကတ်ကိုသဘောအကျဆုံးဖြစ်ခဲ့ပေမဲ့ နီရှားဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီးနောက်မှာတော့ အရာအားလုံးပြောင်းလဲသွားခဲ့ပါတယ်။ ခရစ်ကတ်နဲ့အတူနီရှားကလဲသူ့ဘဝတစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ပြီး တစ်ဘက်မှာလဲသူ့ကိုအရိပ်တကြည့်ကြည့်နဲ့ ချစ်နေခဲ့တဲ့မိန်းကလေးတစ်ယောက်လဲရှိနေခဲ့ပါတယ်။နီရှားကသူ့ကိုထားပစ်ခဲ့ပြီးနောက် သူဟာအရက်သမားလုံးလုံးဖြစ်ပြီး နီရှားကိုသာတောင့်တနေခဲ့ပါတယ်။ဒါပေမဲ့အရက်သမားဖြစ်နေတဲ့ သူ့ကိုလက်ထပ်ယူခဲ့ပြီး ချစ်လာဖို့မျှော်လင့်နေခဲ့တဲ့ ရှာဗန်နီဟာလဲလက်မလျှော့တမ်းစောင့်နေဆဲပါ။ ဆတ်ယက သူ့ကိုငယ်ငယ်တည်းကတိတ်တခိုးသဘောကျနေခဲ့တဲ့ ရှာဗန်နီရဲ့ တစ်ဖက်သတ်အချစ်နဲ့ကိုယ်ချစ်ရတဲ့သူ နီရှားကြား ဗျာများရင်းနောက်ဆုံးမှာ ဘယ်သူ့ကိုရွေးချယ်သွားမလဲ။တစ်ဖက်သတ်အချစ်ပဲအထမြောက်မလား သူ့ကိုထားပစ်ခဲ့တဲ့သူ‌ဆီပဲပြန်သွားမလားဆိုတာကိုအချစ်,မိဘမေတ္တာနဲ့အိမ်ထောင်ရေးအပြင် တခြားရသစုံပါခံစားရစေဖို့ အခုလိုပဲ ညွှန်းပေးလိုက်ရပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Zen ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း