ဇာတ်ကားများ ရွေးရန်

Paint

2023ဇာတ်ကားWeb-dl 1080p

စစ်မှန်တဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့ ဘာတွေ ကျင့်သုံးရမလဲ။ အနုပညာကို ဘယ်လို တန်ဖိုးထားလက်ခံရမလဲ။ ပန်းချီ အနုပညာအပေါ် ပန်းချီဆရာတွေ ရှုမြင်ပုံ၊ တွေးခေါ်ပုံနဲ့ ခံယူချက်တွေကို စုံစုံလင်လင် ထည့်သွင်းရိုက်ကူးထားတဲ့ကားဖြစ်ပါတယ်။ ကားလ်နာဂဲလ်ဆိုတဲ့ ပန်းချီဆရာဟာ ရုပ်သံလွှင့်ရုံတစ်ခုရဲ့ တိုက်ရိုက် ပန်းချီရေးတဲ့ရှိုးအစီအစဉ်တင်ဆက်သူဖြစ်ပါတယ်။ သူက တစ်ချိန်တုန်းက နာမည်ကြီးခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အသက်ကြီးလာလို့အပြင် ကြည့်ရှုနှုန်းတွေပါ ကျလာတဲ့အတွက် ရုပ်သံလွှင့်ရုံက ရှိုးကိုကယ်တင်ဖို့ ငယ်ရွယ်တဲ့ ပန်းချီဆရာမတစ်ယောက်ထပ်ထည့်ပြီး ရှိုးကို ကားလ်နဲ့ ဆက်လုပ်စေပါတယ်။ ကားလ်က သူ့ရည်းစားဟောင်းနဲ့ လမ်းခွဲပြီးတည်းက သူ့ပန်းချီလက်ရာကိုကြိုက်တဲ့ကောင်မလေးတွေနဲ့လည်း ဇာတ်လမ်းတွေရှုပ်ခဲ့ပါတယ်။ သူ့ရည်းစားဟောင်းကလည်း ရုပ်သံလွှင့်ရုံမှာပဲ အလုပ်လုပ်ပြီးတော့ မကြာခင်နောက်တစ်နေရာကို ပြောင်းရတော့မှာပါ။ ရှိုးမှာ ပြိုင်ဘက်လိုမျိုးတစ်ယောက်ရောက်လာတဲ့အခါမှာ ကားလ်က ရှိုးအတွက်ရန်ပုံငွေရဖို့ နည်းလမ်းရှာပြီး လေလံပွဲလုပ်ပေမယ့် မအောင်မြင်ပါဘူး။ ကားလ်ရဲ့ အကြီးမားဆုံးဆန္ဒကတော့ သူတို့မြို့ရဲ့ အနုပညာပြတိုက်ကြီးမှာ သူ့လက်ရာကို ထားချင်တာပါ။ အဲ့အတွက် ပြတိုက်မှာ မရှိသေးတဲ့ ပန်းချီကားကိုပဲ ထပ်ခါထပ်ခါရေးနေခဲ့ပါတယ်။ ပြတိုက်မှူးတွေ့ခဲ့ရင် လိုချင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ ဒီအချက်ကပဲ သူ့ကို လူတွေ ငြီးငွေ့လာစေတာပါ။ မျှော်မှန်းထားသလို ဖြစ်မလာဘဲ အကျပ်အတည်းတွေချည်းကြုံလာတဲ့အခါ ဘာတွေဆက်လုပ်ကြမလဲ၊ ကားလ် ခံယူထားတဲ့ အနုပညာသဘောတရားကရော သူများတွေနဲ့တူပါ့မလား၊ သူအတိတ်မှာဘယ်လို အမှားတွေ လုပ်ခဲ့တာလဲ၊ နောက်‌ဆုံးမှာ ဘာကိုရွေးချယ်လက်ခံပြီး အဆုံးသတ်မလဲဆိုတာကတော့..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း