ဇာတ်ကားများ ရွေးရန်

Crater

2023ဇာတ်ကားWeb-dl 1080p

သူငယ်ချင်းတွေကြားက ခိုင်မာတဲ့သံယောစဉ်တွေ၊ ခင်မင်ရင်းနှီးမှုတွေနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ကြည့်ချင်ရင်တော့ Disney က ဒီကားက အကောင်းဆုံးလို့ ပြောပါရစေ။ အဓိကဇာတ်ကောင်တွေက ဆယ်ကျော်သက်ကလေးတွေချည်းပဲ ဆိုပေမယ့် ရသမျိုးစုံပေးစွမ်းနိုင်တဲ့ ကားကောင်းတစ်ကားပါ။ ကေးလပ်နဲ့ သူငယ်ချင်းတစ်စုဟာ သူတို့မိဘတွေက လပေါ်က မိုင်းတွင်းမှာ လုပ်ရတဲ့အတွက် လပေါ်က အမိုးခုံးထဲမှာ နေရတဲ့ကလေးတွေပါ။ မိုင်းသမားတွေဟာ အလုပ်စပြီဆို အနှစ်၂၀စာချုပ်ချုပ်ရတဲ့အပြင် ကိုယ့်ရှေ့မျိုးဆက်က မစေ့ဘဲ တစ်ခုခုဖြစ်သွားရင် သားသမီးက ဆက်ပေါင်းလုပ်ရပါတယ်။ မတရားတဲ့ စာချုပ်ပေါ့။ပြီးတော့ မိဘတွေသေဆုံးရင် ကျန်တဲ့ကလေးကို ကမ္ဘာမြေကိုပြန်ပို့မယ်ဆိုတာလည်း ပါပါတယ်။ အဲ့ခရီးက ၇၅နှစ်ကြာအောင် အိပ်ပျော်ရင်းနဲ့သွားရမှာဖြစ်ပြီး ကမ္ဘာပေါ်ရောက်တဲ့အခါမှာ လက်ရှိအသက်အတိုင်းပဲ ရှိနေမှာဖြစ်ပါတယ်။ ကေးလပ်တို့ကလေးတွေက လပေါ်မှာပဲ မွေးပြီး ကြီးလာတာဖြစ်တဲ့အတွက် ကမ္ဘာမြေအကြောင်း ဘာမှမသိကြပါဘူး။ ကေးလပ်ရဲ့ ဖခင်က သူမသေဆုံးခင် အရင်က သူတစ်ခုခုဖြစ်ရင် သူပြောပြတဲ့နေရာကို ရောက်အောင်သွားပါဆိုပြီး တဖွဖွ ကတိတောင်းခဲ့ပါတယ်။ သူဖခင်ဆုံးသွားတဲ့အတွက် တာ၀န်ရှိသူတွေကလည်း ကေးလပ်ကို ပြန်ပို့ဖို့ စီစဉ်တဲ့အခါ...... ကေးလပ်က သူ့အချစ်ဆုံးသူငယ်ချင်းဒီလန်နဲ့ တိုင်ပင်ပြီး သူဒီမှာရှိနေတဲ့ရက်တွေအတွင်းကျန်သူငယ်ချင်းတွေနဲ့ သူ့အဖေပြောတဲ့နေရာကို ခရီးထွက်ဖို့ စီစဉ်ပါတော့တယ်။ သူတို့အဖွဲ့ကို မကြာခင်ကမှ ကမ္ဘာကရောက်လာတဲ့ကောင်မလေး အက်ဒီဆင်ပါ ရောက်လာတဲ့အခါ..... ကေးလပ်တို့ အဖွဲ့ သူတို့သွားချင်တဲ့နေရာကို အောင်အောင်မြင်မြင်ရောက်နိုင်ပါ့မလား၊ ဘယ်လို စွန့်စားခန်းတွေ ကြုံတွေ့ရဉီးမှာလဲ၊ သူတို့သူငယ်ချင်းတွေ ခွဲခွာရမှာလား..... ဒါတွေအားလုံးကို ပျော်ရွှင်ဖွယ်၊ ၀မ်းနည်းဖွယ်၊ စိတ်၀င်စားဖွယ် ရသမျိုးစုံနဲ့ စီးမျောခံစားပြီး ကြည့်လိုက်ပါလို့ အကြံပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း