Deadly Love Poetry
ဒီတစ်ခေါက်မှာတော့ horror အမျိုးအစား fan လေးတွေအတွက် အင်ဒိုနီးရှား horror ကားလေးဖြစ်တဲ့ Deadly Love Poem ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၂ ကထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးကတော့ မိန်းကလေးတစ်ဦးရဲ့ ဘဝနဲ့ ကြုံတွေ့ရတဲ့ လူတွေအကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Ranum ဆိုတဲ့ ကောင်မလေးတစ်ယောက်က ဘဝမှာ ယောက်ျားလေးတွေဆီက အချိုသပ်တဲ့ စကားလုံးတွေနဲ့ ဖောက်ပြန်မှုတွေပဲခံရတဲ့အခါ သူတောင်မသိလိုက်တဲ့ အချိန်မှာပဲ သူနဲ့ ပက်သတ်တဲ့သူတွေက အသေဆိုးနဲ့ သေဆုံးမှုတွေဖြစ်လာတဲ့အခါ၊ဘယ်တော့မှ မြဲမြံတဲ့ မိသားစုဘဝမရဘဲ အမြဲကွဲကွာပြီး တစ်ခုလပ်ဖြစ်စေတဲ့ မိသားစုကျိန်စာကြောင့် သူတကယ်ချစ်တဲ့သူ အပေါ်ကိုရော ကျိန်စာက သက်ရောက်နိုင်မလား၊ အမြဲထူးဆန်းမှုတွေပဲ ကြုံနေရပြီး တစ်ယောက်ယောက်က ဘေးနားမှာ အမြဲအဖော်လုပ်ပေးနေသလို ခံစားရတဲ့ ခံစားချက်တွေကကော သူအမြဲမြင်နေတဲ့ အိပ်မက်ထဲမှာတွေ့တွေ့နေရတဲ့ ကလေးမလေးနဲ့ ဆိုင်နေမလား၊ အဲ့ကလေးမလေးကရော သူနဲ့ ဘယ်လိုပက်သတ်နေမလဲ ဆိုတာကို ဇာတ်ကားလေးထဲမှာပဲ တစ်ခန်းချင်းကြည့်ရင်း အဖြေရှာကြရအောင်။ Horror/Thriller movie အမျိုးအစားလေးပေမယ့် ငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းလေးအတိုင်း စည်းမြောရင်း ကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲနော်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း