ဇာတ်ကားများ ရွေးရန်

Air

2023ဇာတ်ကားWeb-dl 1080p

ဘတ်စကတ်ဘောသမားမိုက်ကယ်ဂျော်ဒန်နဲ့ Nike ကုမ္ပဏီတို့ ပထမဆုံစာချုပ်ချုပ်ဆိုတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။ Nike ကုမ္ပဏီဟာ ဘတ်စကတ်ဘောလောကမှာ အားကစားသမားကောင်းတွေမရှာနိုင်ပဲ အက်ဒီဒက်စ်တို့ ကွန်ဗက်တို့လို ကုမ္ပဏီနဲ့မယှဉ်ပြိုင်နိုင်ပဲ ဘတ်စကတ်ဘောလောကကနေ ထွက်ခွာသွားရတော့မယ့် ကုမ္ပဏီတစ်ခုပါ။အဲ့လိုနဲ့ မိုက်ကယ်ဂျော်ဒန်ကို ကုမ္ပဏီတွေအပြိုင်ဈေးပေးခေါ်တဲ့အခါမှာတော့ Nike ကုမ္ပဏီကလည်း ဈေးပေးခေါ်တဲ့အထိ ဖြစ်လာပါတယ်။ဂျော်ဒန်အမေကလည်း ပိုပေးနိုင်တဲ့ဘက်ကို အားသာနေပြီး ဂျော်ဒန်ကလည်း အက်ဒီးဒက်စ်ကို သွားဖို့အားသာနေပါတယ်။အဲ့လိုနဲ့ နောက်ဆုံးမှာ Nike ကုမ္ပဏီက ဂျော်ဒန်ကိုခေါ်နိုင်မှာလား အခြားကုမ္ပဏီတွေကဈေးပိုပေးပြီးခေါ်သွားနိုင်မလားဆိုတာ တစ်စုံတစ်ခုက ပြန်ထူဖို့ Sonny တို့ဘယ်လောက်ကြိုးစားခဲ့ရသလဲ စီးပွားရေးမှာ ဘယ်လောက်ထိပြိင်ဆိုင်မှုတွေများလဲဆိုတာကိုတော့ ဒီကားလေးထဲမှာ ‌ကြည့်ရှုလိုက်ကြပါဦးနော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Htet ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း