Love Again
ချစ်သူသေဆုံးပြီးနောက် ပူဆွေးမှုကို ကျော်ဖြတ်ပြီး ဘ၀ကို ဆက်လက်ရှင်သန်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးနဲ့ အတိတ်က ဖြစ်ရပ်ကြောင့် အချစ်ကို အယုံအကြည်မရှိတော့တဲ့ အမျိုးသားတစ်ယောက်အကြောင်း romantic ဆန်ဆန် ကြည့်ရမှာပါ။ နာမည်ကျော် အဆိုတော့ Céline Dion နဲ့ အဓိကဇာတ်ကောင်မင်းသမီးရဲ့ ခင်ပွန်း Jonus Brothers အဖွဲ့က Nick Jonus လည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါထားပါတယ်။ ဇာတ်လမ်းက မီရာဟာ သူ့ချစ်သူ ဂျွန်နဲ့ ပျော်ပျော်ရွှင်ရွှင် ဘ၀ကို ဖြတ်သန်းနေရာကနေ တစ်နေ့မှာ ဂျွန်က ကားတိုက်ခံရပြီး သေသွားပါတယ်။ မီရာ့ကို လက်ထပ်ခွင့်တောင်းမယ့် အစီအစဉ်လည်း ပျက်သွားပါတယ်။ မီရာက ချစ်သူကို မမေ့နိုင်ဘဲ ၂နှစ်လောက်ပူဆွေးနေပါတယ်။ မီရာက ကလေးစာအုပ်တွေ ပုံဆွဲထုတ်ဝေတဲ့ ပန်းချီဆရာမပါ။ ဒီလိုနဲ့ ချစ်သူဂျွန်ရဲ့ ဖုန်းနံပါတ်ကို သူမရဲ့ နေ့စဉ်ဘ၀ကို စာပို့နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ရော့ဘ်က မင်္ဂလာဆောင်ကာနီးမှာ ချစ်သူက ထားခဲ့တဲ့အတွက် အချစ်ကို မယုံကြည်တော့တဲ့သူပါ။ သူ့အလုပ်က အလုပ်အတွက်သုံးဖို့ ဖုန်းပေးတဲ့အခါ အဲ့ဖုန်းနံပါတ်က သေသွားတဲ့ ဂျွန်ရဲ့နံပါတ်ဖြစ်နေပါတယ်။ ဒီလိုနဲ့ မီရာပို့တဲ့စာတွေက ရော့ဘ်ဆီကို နေ့စဉ်ရောက်လာတဲ့အခါ.... ရော့ဘ်က သူ့ဆီစာပို့နေတဲ့သူကို ကြာတော့ စိတ်၀င်စားပြီးသိချင်လာတဲ့အတွက် တွေ့ဖို့ကြိုးစားတဲ့အခါ.... မီရာကလည်း အတိတ်ကိုမေ့ပျောက်ပြီး ဘ၀သစ်စဖို့ အချစ်သစ်ရှာဖို့ ကြိုးစားတဲ့အခါ.... သူတို့နှစ်ဉီး တကယ်ပဲ အချစ်ကို ပြန်ရှာတွေ့မလား၊ မီရာက သေသွားတဲ့ချစ်သူကို မေ့နိုင်ပါ့မလား၊ သူပို့နေတဲ့စာတွေ ရော့ဘ်ဆီရောက်နေတာ သိရင် ဘာဆက်ဖြစ်မှာလဲ Céline Dion က ဒီထဲမှာ အဆိုတော်အနေနဲ့ပဲ ပါ၀င်ထားပြီး ရော့ဘ်က သူ့အလုပ်အတွက် သူမကို အင်တာဗျူးရင်း ရင်းနှီးလာတဲ့ပုံ သရုပ်ဆောင်ထားပါတယ်။ ရော့ဘ်တို့ကိုလည်း အချစ်ရေးမှာ အောင်သွယ်ပေးမှာပါ။ ဇာတ်လမ်းဘာသာပြန်ဆိုပြီး အညွှန်းရေးသားသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း