Fierce Cop
အခုတင်ဆက်ပေးမှာကတော့ တရုတ်မှုခင်းရုပ်ရှင်ပါ။ နောက်ထပ် crime,dramaအမျိုးအစားဇာတ်ကားကောင်းတစ်ကားပါပဲ။ ကျန့်တုဟာ အမှုပေါင်းများစွာကိုဖော်နိုင်ခဲ့ပြီး အရည်အချင်းရှိတဲ့ အမှန်တရားဘက်တော်သား ရဲအရာရှိတစ်ယောက်ပါ။ ချစ်ရတဲ့ဇနီးနဲ့ရှောင်ကျဲဆိုတဲ့သားလေးနဲ့ သာယာတဲ့ဘဝလေးဟာ ကြာရှည်မခံခဲ့ပါဘူး။ ဇနီးကွယ်လွန်ပြီးနောက်ပိုင်း အလုပ်တစ်ဖက်နဲ့ ရှောင်ကျဲကိုတစ်ယောက်တည်းခက်ခက်ခဲခဲစောင့်ရှောက်နေရတယ်။ တနေ့မှာရှောင်ကျဲကိုအနိုင်ကျင့်တဲ့ လူငယ်ကောင်လေးတွေကိုလိုက်ဆုံးမရင်း ဖမ်းမိခဲ့တဲ့လူရမ်းကားတစ်ယောက်က လူကုန်ကူးဂိုဏ်းခေါင်းဆောင်တစ်ယောက်ရဲ့သားဖြစ်နေပါတော့တယ်။ ကိုယ့်သွေးသားမှ သွေးသားထင်တတ်တဲ့criminalတွေရဲ့သဘာဝအတိုင်း ဂိုဏ်းခေါင်းဆောင်ကလည်း ရဲအရာရှိရဲ့သားကို ပစ်မှတ်ထားပါတော့တယ်။ အလုပ်ကိုသဲကြီးမဲကြီးလုပ်နေခဲ့မိတာကိုနောင်တရပြီး ဖခင်တာဝန်ကျေပွန်အောင်နေမယ်လို့ ဆုံးဖြတ်ပြီးကာမှ သားကပြန်ပေးဆွဲခံလိုက်ရတဲ့အခါ....ကျန့်တုတစ်ယောက် သူ့သားကိုအန္တရာယ်တွေကြားထဲကနေဘယ်လိုကယ်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုကြရမှာပါ။ ဒီဇာတ်ကားမှာ မင်းသမီးChen Yaoကလည်း အားဖြည့်ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Helen Hnin ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း