ဇာတ်ကားများ ရွေးရန်

Malum

2023ဇာတ်ကားWeb-dl 1080p

Horror, mystery ကားဖြစ်ပါတယ်။ 2014 တုန်းက ကား Last Ship ရဲ့ remake film ပါ။ ဘာသာရေးအယူအဆအလွဲတွေ ကိုးကွယ်မှုတွေ ယဇ်ပူဇော်တာမျိုးတွေကို အဓိကဖော်ပြထားတာပါ။ သွေးသံရဲရဲသတ်ဖြတ်တာတွေ ကြောက်စရာသေဆုံးမှုတွေပါလို့ အသည်းငယ်တဲ့သူတွေ မကြည့်ခင်စဉ်းစားသင့်ပါတယ်။ ဂျက်ဆီကာဆိုတဲ့ ရဲအရာရှိအသစ်က သူ့အဖေရဲအရာရှိသေဆုံးတဲ့အကြောင်းရင်းကို ရှာဖို့ ညဆိုင်းတာ၀န်ကို သူ့အဖေလုပ်ခဲ့တဲ့ ရဲစခန်းဟောင်းမှာစောင့်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့စခန်းဟောင်းက ဘယ်သူမှမရှိတော့ဘဲ ညဘက်ကို တာ၀န်အရစောင့်ရတာပါ။ ဂျက်ဆီကာရဲ့အဖေက လုပ်ဖော်ကိုင်ဖက်တွေကို ပစ်သတ်ပြီး သူ့ကိုယ်သူလည်း ပစ်သတ်ခဲ့တာပါ။ သူ့အမေကိုမေးပေမယ့်လည်း မပြောပြခဲ့ပါဘူး။ သူသိခဲ့သလောက်အရ သူ့အဖေက လူကောင်းဖြစ်တဲ့အတွက် ဒါကိုအဖြေရှာဖို့ ဆုံးဖြတ်လိုက်တာပါ။ စခန်းဟောင်းမှာ စောင့်နေရင်းနဲ့ အိမ်ခြေရာမဲ့လူတစ်ယောက် စခန်းထဲ ခိုး၀င်လာရာကစပြီး ကြောက်စရာအဖြစ်အပျက်တွေစတင်ပါတော့တယ်။ သူ့အဖေဖြေရှင်းခဲ့တဲ့ အုပ်စုလိုက်လူသတ်မှုနဲ့ဆိုင်တဲ့အရာတွေကို တွေ့ခဲ့ပါတယ်။ ထင်ယောင်ထင်မှားဖြစ်ပြီး ကြောက်စရာမြင်ကွင်းတွေကိုလည်း မြင်နေရပါတယ်။ ဂျက်ဆီကာရဲ့မိသားစုက ဒီဖြစ်ရပ်တွေနဲ့ ဘယ်လိုပတ်သက်နေတာလည်း၊ သူ့ကိုဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်က ဘာဖြစ်မလဲ၊ ဂျက်ဆီကာနောက်ကို ဘယ်သူတွေလိုက်နေလဲဆိုတာကတော့ သည်းထိတ်ရင်ဖိုစွာ ဆက်လက် အဖြေရှာကြည့်ပါဉီး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း