ဇာတ်ကားများ ရွေးရန်

Bhediya

2023ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးကတော့ အသွင်ပြောင်းမြွေ မဟုတ်တဲ့ အသွင်ပြောင်းဝံပုလွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ လမ်းဆောက်လုပ်ရေးစီမံကိန်းအတွက် အရူနာချယ်ကို ရောက်လာတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဘာစကီနဲ့ ဂျေဒီ။ လမ်းကို တောဘေးကနေ ဆောက်လို့ရပေမယ့် ဒီစီမံကိန်းကနေ အမြတ်ထုတ်ဖို့အတွက် တောအလယ်ကနေ လမ်းဖောက်ဖို့စီစဉ်နေတဲ့ ဗာစကီက ဒေသခံတွေကို နည်းလမ်းမျိုးစုံနဲ့ဖြားယောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း တောကို စောင့်ရှောက်နေတဲ့ ဗိုင်းရပ်စ်‌တစ်မျိုးဖြစ်တဲ့ ဝံပုလွေအသွင်ပြောင်းစေတဲ့ ပိုးက ဗာစကီထံကို ကူးစက်သွားတဲ့ အချိန်မှာတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာအပြင်..... ဘယ်သူတွေက ဘာစကီရဲ့သားကောင်ဖြစ်လာမလဲ။..... ဒီရောဂါပိုးကနေကောလွတ်မြောက်နိုင်ပါ့မလား ဒါမှမဟုတ် ဘာစကီတစ်ယောက် တစ်သက်လုံး အသွင်းပြောင်းဝံပုလွေပဲ ဆက်ဖြစ်သွားမလားဆိုတာကို ကြည့်ရှုရမယ့် လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ပြည့်နေတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း