ဇာတ်ကားများ ရွေးရန်

Ride On

2023ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးက မင်သားကြီးဂျက်ကီချမ်းရဲ့အသစ်ထွက်ရှိလာတဲ့ Action, Comedy, Drama အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆရာလုဟာ တစ်ချိန်က စတန့်လောကမှာ ဒိတ်ဒိတ်ကျဲ အောင်မြင်ခဲ့ပေမယ့် ရိုက်ကွင်းမတော်တဆမှုတစ်ခုကြောင့် သူ့ကုမ္ပဏီကိုဒေဝါလီခံလိုက်ရပြီး အကြွေးတွေပတ်လည်ဝိုင်းနေပါတယ်။ သူဟာ ငနီဆိုတဲ့မြင်းလေးနဲ့အတူ နေထိုင်ရင်း ဘဝကို ခက်ခဲပင်ပန်းစွာရုန်းကန်နေရတာပေါ့။ တစ်နေ့မှာတော့ ရှေ့နေနှစ်ယောက်က ငနီကိုသိမ်းဖို့ရောက်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ငနီရဲ့အမေကိုပိုင်ဆိုင်ခဲ့တဲ့ သူဌေးဝမ်ရဲ့ကုမ္ပဏီဒေဝါလီခံလိုက်ရပြီး ပိုင်ဆိုင်မှုတွေအားလုံးကိုသိမ်းယူရမယ်လို့ တရားရုံးက အမိန့်ကျလာလို့ပါ။ အဲဒီတော့ ဆရာလုတစ်ယောက် ရှေ့နေလည်းမငှားနိုင် မြင်းကိုလည်းအဆုံးရှုံးမခံနိုင်တော့ ဥပဒေကျောင်းတက်နေတဲ့ သမီးဖြစ်သူဆီကို အကူအညီသွားတောင်းရပါတော့တယ်။ သမီးဖြစ်သူကလည်း အမေဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆရာလော့ကို အရမ်းမုန်းတီးနေခဲ့တာပါ။ အဲဒီတော့ ဆရာလော့တစ်ယောက် သူ့သမီးနဲ့ပြန်ပြေလည်သွားမလား။ သူ့မြင်းလေးကိုရော ကာကွယ်နိုင်ပါ့မလားဆိုတာကိုစိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာ စတန့်သမားတွေရဲ့ ဘဝအကြောင်းတွေ၊ ခံစားချက်တွေ၊ သားအဖကြားထဲက သံယောဇဉ်နဲ့ ငနီအပေါ်မှာထားတဲ့ မေတ္တာတရားကို အကောင်းဆုံးပုံဖော်ထားတာဖြစ်လို့ မျက်ရည်ကျရတဲ့အထိခံစားရနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း