ဇာတ်ကားများ ရွေးရန်

Fast X

2023ဇာတ်ကားWeb-dl 4K SDR

2023 ရဲ့ အ Hype ဆုံးဇာတ်ကားတွေထဲကတစ်ကားဖြစ်တဲ့ Fast And Furious ရဲ့နောက်ဆုံးထွက် Fast X ကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာတော့ Fast And Furious ထဲက Character တွေအများကြီးကိုတွေ့မြင်ရမှာဖြစ်ပြီးတကယ့်နာမည်ကြီးတွေအများကြီးပါဝင်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့ Fast Five မှာတုန်းကဟာနန်ရေးစ်လို့ခေါ်တဲ့မူးယစ်ယာဇာတစ်ယောက်ဆီကနေပြီးတော့သူ့ရဲ့ငွေတွေထည့်ထားတဲ့အလုံခန်းကြီးတစ်ခုကိုတရွတ်တိုက်ဆွဲပြီးဓားပြတိုက်ခဲ့ပါတယ်။မင်းသား Paul Walker နဲ့ရိုက်ထားတဲ့ Epic Scene တစ်ခုဖြစ်ပြီးမှတ်မိတဲ့သူတွေလဲရှိကြမှာပါ။အဲ့ဒီမှာဟာနန်ရေးစ်ကသူ့ရဲ့ငွေတွေကိုပြန်လိုက်ယူဖို့ကြိုးစားရင်းနဲ့သေဆုံးသွားတဲ့အခါမှာသားဖြစ်သူကနာကျင်ခံစားမှုတွေနဲ့ကျန်ခဲ့ရပါတော့တယ်။ဒီလိုနဲ့ရေးစ်ရဲ့သားဖြစ်သူကဒွန်တို့တစ်မိသားစုလုံးကိုလက်စားချေဖို့အတွက်အစီအစဉ်ကောင်းကောင်းတွေနဲ့ကြိုးစားပုံကိုအဓိကထားပြီးတွေ့ရမှာပဲဖြစ်ပါတယ်။ဒွန်တို့ကရောရေးစ်ရဲ့သားဖြစ်သူလက်ထဲကနေပြေးလွှတ်နိုင်ပါ့မလားပြန်တိုက်ခိုက်ကြမလားဆိုတာကိုအက်ရှင်တွေ ကားတိုက်ပွဲတွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့အတူတစ်ဝကြီးကြည့်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း