I Fine..Thank You Love You
ဒီဇာတ်ကားလေးက Comedy, Romance ထိုင်းအချစ်ဟာသကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ပရန်ဟာ အင်္ဂလိပ်စာသင်ကြားနေတဲ့ဆရာမတစ်ယောက်ပါ။ သူ့တပည့်ဖြစ်တဲ့ဟိုင်ရာက အမေရိကမှာအလုပ်သွားလုပ်ဖို့ အင်တာဗျူးအောင်သွားခဲ့ပါတယ်။ သူမသွားခင်မှာ ထိုင်းမှာရှိတဲ့ကောင်လေးကိုအဆက်ဖြတ်ချင်တဲ့အတွက် ပရန့်ကိုအကူအညီတောင်းခဲ့ပါတယ်။ ပရန့်ကတော့ သိပ်အာရုံမနောက်လောက်ဘူးဆိုပြီး ကူညီဖို့လက်ခံလိုက်ပါတယ်။ ဒါပေမဲ့ သူထင်ထားသလို ဖြစ်မလာပဲ ဟိုင်ရာရဲ့ချစ်သူကောင်လေးက လက်မလျှော့တဲ့အပြင် အမေရိကကိုလိုက်သွားဖို့ အင်္ဂလိပ်စာသင်ပေးဖို့တောင်းဆိုလာပါတယ်။ အဲဒီတော့ ပရန်တစ်ယောက် သူများသမီးရည်းစားတွေကြားမှာ ဘယ်လိုဗျာများမလဲ။ သူများကိစ္စကြားဝင်မိပြီး ဘယ်လိုတွေကြုံတွေရမလဲဆိုတာကို ဟာသဆန်ဆန်ပုံပေါ်ထားတဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း