ဇာတ်ကားများ ရွေးရန်

Gumraah

2023ဇာတ်ကားWeb-dl 1080p

ညသန်းခေါင်ချိန်မှာ ဖြစ်ပွားခဲ့တဲ့ လူသတ်မှု။ ဒီအမှုနောက်ကို လိုက်နေတဲ့ မှုခင်းဌာနမှ ရဲတွေက သက်သေရှာမတွေ့ခဲ့ဘဲ နှစ်ရက်ကြာတဲ့နေ့မှာတော့ လူသတ်မှုဖြစ်တဲ့ဘေးတိုက်ခန်းက အတွဲနှစ်ယောက် ဓာတ်ပုံထဲကနေ လူသတ်သမားပုံကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း စုံစမ်းမေးမြန်းနေတုန်း လူသတ်သမားအာဂျွန်နဲ့ ရုပ်ချင်းဆင်တဲ့သူက ဓာတ်ဆီဆိုင်နားမှာ ပြဿနာရှာလို့ ရဲစခန်းကို ရောက်လာရင်း လူသတ်တရားခံအမှုက ရှုပ်ထွေးသွားပါတယ်။ စစ်ဆေးရင်း ညီအစ်ကိုတွေဖြစ်သွားတာကို သိခဲ့ရတဲ့အပြင် မှုခင်းသွေးစစ်ဆေးချက်DNAတွေကလည်း ကိုက်ညီနေပါတယ်။ ဒီလို အမြွှာနှစ်ယောက်က ခွဲမရအောင်တူတဲ့အပြင် DNAတွေကပါ ကိုက်ညီနေတော့ ဒီအမှုကို ဘယ်လိုမျိုးဖော်ထုတ်မလဲ ဆိုတာကို ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Iris ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း