ဇာတ်ကားများ ရွေးရန်

Fatal Intuition

2015ဇာတ်ကားWeb-dl 1080p

မောင်နှမနှစ်ယောက်ကြားကချစ်ခြင်းမေတ္တာအကြောင်းကိုရိုက်ကူးထားတဲ့ကိုးရီးယားမှုခင်းကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့မောင်နှမတွေဖြစ်ကြတဲ့အွန်းဂျီနဲ့ဂျန်ဝူးကငယ်ငယ်လေးကတည်းကမိဘတွေဆုံးပါးသွားခဲ့ကြတဲ့အတွက်မောင်နှမနှစ်ယောက်တည်းနေထိုင်ကြီးပြင်းလာရတာဖြစ်ပါတယ်။ဂျန်ဝူးကအွန်းဂျီကိုအရမ်းချစ်ပြီးညီမထိဓားကြည့်ဆိုတဲ့သူဖြစ်ပါတယ်။တစ်နေ့မှာတော့အွန်းဂျီအလှပြင်ဆိုင်မှာအလုပ်ခိုးလုပ်နေတာကိုမိသွားပြီးမောင်နှမနှစ်ယောက်စကားများခဲ့ကြပါတော့တယ်။ဒီလိုနဲ့ဂျန်ဝူးကသူမရှိတုန်းအွန်းဂျီအပြင်ထွက်အလုပ်လုပ်မှာကိုစိတ်ပူပြီးတော့အိမ်ထဲမှာအွန်းဂျီကိုသော့ခတ်ပြီးထားခဲ့ပါတော့တယ်။ ဒါပေမယ့်အဲ့ဒီညကကြမ္မာငင်တဲ့ညတစ်ညဖြစ်ခဲ့ပြီးအွန်းဂျီအသတ်ခံခဲ့ရပါတော့တယ်။ဒီလိုနဲ့ဂျန်ဝူးတစ်ယောက်သူ့ညီမနဲ့သိခဲ့ဖူးတဲ့လူတွေရဲ့သေဆုံးခြင်းတွေကိုကြိုမြင်နေရတဲ့နတ်ဝင်သည်လိုလိုကောင်မလေးနဲ့အတူတူအွန်းဂျီရဲ့သေဆုံးမှုကိုအတူအဖြေရှာရင်းလူသတ်သမားကိုဖော်ထုတ်ကြပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း