ဇာတ်ကားများ ရွေးရန်

Coast Guard Malaysia: Ops Helang

2023ဇာတ်ကားအမှတ် 5/10Web-dl 1080p

အက်ရှင်ချစ်သူပရိသတ်တွေအတွက်မလေးရှားအက်ရှင်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကတော့ကမ်းခြေစောင့်တပ်တွေနဲ့ရန်သူ့ဂိုဏ်းတွေကြားကရန်ကြွေးတွေအကြောင်းကိုအဓိကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့တရားမဝင်ကုန်ပစ္စည်းတွေကိုကူးသန်းရောင်းဝယ်နေတယ်လို့သတင်းကြားထားတဲ့ကမ်းခြေစောင့်တပ်ကအရောင်းအဝယ်လုပ်တဲ့နေရာမှာလူဆိုးတွေကိုသွားဖမ်းခဲ့ပါတော့တယ်။ဒီလိုနဲ့ပစ္စည်းတွေတင်ထားတဲ့လှေကထွက်ပြေးသွားတဲ့အခါမှာလိုက်ဖမ်းရာကနေလှေပေါက်ကွဲပြီးအဲ့ပေါ်မှာပါတဲ့လူဆိုးတွေသေဆုံးခဲ့ပါတော့တယ်။ဒီလိုနဲ့နောက်တစ်နှစ်ကြာတဲ့အချိန်မှာအဲ့ဒီစစ်ဆင်ရေးကိုဦးဆောင်ခဲ့တဲ့ဟာဖစ်ဇ်ကသူရဲ့စေ့စပ်ပွဲကိုကျင်းပနေတဲ့အချိန်မှာရန်သူတွေရောက်လာပြီးလူတွေကိုသတ်ဖြတ်ကာကျန်တဲ့လူတွေကိုဓားစာခံအဖြစ်ဖမ်းခေါ်သွားခဲ့ပါတော့တယ်။ဒါပေမယ့်သူတို့ရဲ့အဓိကပစ်မှတ်ကဟာဖစ်ဇ်ဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့နောက်ပိုင်းမှာဟာဖစ်ဇ်တစ်ယောက်ကံကောင်းစွာနဲ့ပြန်လွတ်သွားခဲ့ပြီးဓားစာခံတွေကိုပြန်ကယ်ဖို့ကြိုးစားခဲ့တဲ့အချိန်မှာဒီကိစ္စရဲ့နောက်ကွယ်ကပစ်မှတ်ထားနေတဲ့လူဘယ်သူဆိုတာကိုသိခဲ့ရပါတော့တယ်။အဲ့ဒီလူကဘယ်သူဖြစ်မလဲ ဓားစာခံတွေကိုရောဟာဖစ်ဇ်တစ်ယောက်အောင်မြင်စွာကယ်တင်နိုင်ပါ့မလား ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတိုက်ခိုက်ပစ်ခတ်ခန်းတွေအများကြီးနဲ့ကြည့်ရှုရမဲ့အက်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း