ဇာတ်ကားများ ရွေးရန်

The Coldest Game

2019ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးက ၂၀၁၉ခုနှစ်မှာထွက်ရှိခဲ့တဲ့ History, Sport, Thriller အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ၁၉၆၂ ခုနှစ်၊ ကျူးဘားဒုံးကျည်အကျပ်အတည်းကို နောက်ခံပြုထားပါတယ်။ သင်္ချာဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာမန်စကီဟာ တစ်ချိန်တုန်းက စစ်တုရင်ချန်ပီယံကြီးပါ။ တစ်နေ့မှာတော့ သူ အရက်ဆိုင်ကအပြန်မှာ အမည်မသိလူတစ်ခုရဲ့ပြန်ပေးဆွဲတာခံလိုက်ရပြီး သူသတိရလာတော့ ဝါးဆောမြို့ရဲ့ အမေရိကန်သံရုံးထဲက လျှို့ဝှက်ခန်းတစ်ခုမှာရောက်နေပါတော့တယ်။ သံမှူးက သူ့ကို အမေရိကန်နဲ့ ဆိုဗီယက်ချစ်ကြည်ရေးစစ်တုရင်ပွဲမှာကစားရမယ့် သူ့တို့ဘက်က ကစားသမားသေဆုံးသွားတဲ့အတွက် ပရော်ဖက်ဆာမန်စကီကို လူစားဝင်ကစားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ချစ်ကြည်ရေးစစ်တုရင်ပြိုင်ပွဲလို့ နာမည်တပ်ထားပေမယ့် ပြိုင်ပွဲရဲ့နောက်ကွယ်မှာ နိုင်ငံရေးအလှည့်အပြောင်းတွေ၊ အပြင်မှာဖြစ်ပျက်နေတဲ့ စစ်ရေးအခြေအနေတွေကြားထဲကို ပရော်ဖက်ဆာမန်စကီတစ်ယောက် ရောက်မှန်းမသိရောက်သွားတဲ့အခါ ဘယ်အခြေအနေ၊ဘယ်လိုအခက်အခဲနဲ့တွေကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း