Nimona
ဒီနှစ်မှာထွက်ရှိလာတဲ့ Animation ကားကောင်းကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Nimona ဖြစ်ပြီးကာတွန်းကားလို့မထင်ရအောင် Animation တွေကကောင်းလွန်းပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့ပြည်သူတွေငြိမ်းချမ်းစွာနေထိုင်ကြတဲ့တိုင်းပြည်တစ်ခုကိုမကောင်းဆိုးဝါးကြီးတစ်ကောင်ကလာတိုက်ခိုက်တဲ့အခါမှာဂလောရက်ဆိုတဲ့သူရဲကောင်းတစ်ယောက်က ကာကွယ်တိုက်ခိုက်ပေးခဲ့ပါတယ်။ဒါပေမယ့်တိုင်းပြည်ရဲ့နောင်ရေးစိတ်အေးရဖို့အတွက်သူ့လိုမျိုးသူရဲကောင်းတွေကိုဂလောရက်ကလေ့ကျင့်ပေးခဲ့ပါတော့တယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာကြာပြီးနောက်မှာတိုင်းပြည်ရဲ့သူရဲကောင်းဘွဲ့ပေးအပ်မဲ့ပွဲနေ့ကိုထပ်မံရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီနှစ်မှာတော့ထူးထူးခြားခြားမင်းမျိုးမင်းနွယ်ထဲကမဟုတ်ပဲသူရဲကောင်းဘွဲ့အရွေးချယ်ခံမဲ့သာမန်အရပ်သားဖြစ်တဲ့ဘယ်လစ်စတာပါလာခဲ့ပါတယ်။သူ့ကိုငယ်စဉ်ကတည်းကတိုင်းပြည်ရဲ့ဘုရင်မကြီးကသူရဲကောင်းဖြစ်ဖို့အခွင့်အရေးပေးခဲ့တာပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒီညမှာပဲတစ်စုံတစ်ယောက်ရဲ့အကွက်ဆင်မှုကြောင့်ဘယ်လစ်စတာကဘုရင်မကြီးကိုသတ်မိသလိုဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ဘယ်လစ်စတာလဲဝရမ်းပြေးတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အပြစ်ကင်းစင်ကြောင်းကိုပြဖို့အတွက်ကြိုးစားနေတဲ့အချိန်မှာနီမိုနာဆိုတဲ့မကောင်းဆိုးဝါးကောင်မလေးတစ်ယောက်နဲ့တွေ့ပြီးသူတို့နှစ်ယောက်အတူတူပူးပေါင်းကြိုးစားကြပုံတွေကိုကြည့်ရင်းနဲ့နောက်ဆုံးမှာမထင်မှတ်ထားတဲ့လူဆိုးအစစ်အမှန်ကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း