ဇာတ်ကားများ ရွေးရန်

Suzume

2022ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးက ၂၀၂၂ခုနှစ်မှာထွက်ရှိခဲ့တဲ့ Animation, Action, Adventure အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆူဇူမဲဟာ အဒေါ်ဖြစ်သူတမိခနဲ့အတူနေထိုင်တဲ့မိတဆိုးလေးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ သူကျောင်းသွားရင်းနဲ့ လမ်းမှာ ကိုယ်လူချောလေး တစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ အဲဒီကောင်လေးက ဆူဇူမဲကို ဒီနားတစ်ဝိုက်မှာ လူမနေတဲ့နေရာရှိလားလို့မေးခဲ့ရတာက အစပြုပြီး ပဟေဠိဆန်တဲ့ဇာတ်လမ်းလေးစတင်ခဲ့ပါတော့တယ်။ ဆူဇူမဲတို့နေတဲ့မြို့လေးမှာ မကြာခဏငလျင်လှုပ်တဲ့အတွက် မြို့သူမြို့သားတွေက အမြဲစိုးရိမ်နေရတာပေါ့။ တကယ်တော့ ငလျင်လှုပ်ရတဲ့အကြောင်းအရင်းက ဂိတ်တံခါးတွေကနေ ပိုးကောင်ကြီးထွက်လာလို့ပါပဲ။ တခြားသူတွေမမြင်ရပေမယ့် ဆူဇူမဲကတော့ အဲဒီပိုးကောင်ကြီးကို မြင်နေရပါတယ်။ ဒီလိုနဲ့ အဲဒီပိုးကောင်ကြီးပေါ်လာတဲ့နေရာကိုလိုက်ကြည့်ရင်း ဆူဇူမဲတစ်ယောက် ဂိတ်တံခါးဆီကို‌ရောက်မှန်းမသိရောက်သွား ပါတော့တယ်။ အဲဒီဂိတ်တံခါးရဲ့အနားမှာ ကြောင်ပုံစံ ကျောက်တုံးလေးတစ်ခုရှိတော့ ဆူဇူမဲက အမှတ်မထင်ဆွဲနှုတ်မိသွားရာက ဂိတ်တံခါးကိုချိပ်ပိတ်ထားတဲ့ အကာအရံပျက်သွားခဲ့ပါတယ်။ သူလမ်းမှာတွေ့ခဲ့တဲ့ကောင်လေးကတော့ အဲဒီဂိတ်တံခါးတွေကိုပိတ်ပေးရတဲ့သူပေါ့။ ဆူဇူမဲအမှတ်မထင်ဆွဲနှုတ်မိလိုက်တဲ့ကျောက်တုံးလေးဟာ ကြောင်လေးတစ်ကောင်အဖြစ် ပုံစံပြောင်းသွားပြီး ဆိုးတာကတော့ ကလေးထိုင်ခုံပုံစံအဖြစ်ပြောင်းသွားခဲ့ပါတယ်။ အဲဒီတော့ ဆူဇူမဲဟာ သူ့ကြောင့်ဖြစ်ရတဲ့အတွက် ဆိုးတာရဲ့အလုပ်ကိုကူညီပေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ဆူဇူမဲဟာ ဆိုးတာနဲ့အတူ အဲဒီဂိတ်တံခါးတွေကို လိုက်လံရှာဖွေပြီး ဘယ်လိုချိပ်ပိတ်ဖို့ကြိုးစားကြမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမယ့် Anime ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MCEC ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း