ဇာတ်ကားများ ရွေးရန်

The Out-Laws

2023ဇာတ်ကားWeb-dl 1080p

အက်ရှင်ကားကိုဟာသလေးနဲ့ရောပြီးမှပေါ့ပေါ့ပါးပါးကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် The Outlaws ဆိုတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အိုဝင်နဲ့ပါကာတို့စုံတွဲနှစ်ယောက်ကမကြာခင်မှာလက်ထပ်တော့မဲ့သူတွေပဲဖြစ်ပါတယ်။မင်္ဂလာပွဲလုပ်ဖို့အစီအစဉ်တွေလဲအသေးစိတ်ချပြီးသွားပါပြီ။ပြဿနာရှိတာလေးတစ်ခုကတော့ကောင်မလေးဖြစ်တဲ့ပါကာဘက်ကမိဘတွေကမင်္ဂလာပွဲကိုမလာနိုင်တာပဲဖြစ်ပါတယ်။အိုဝင်နဲ့လဲပါကာရဲ့မိဘတွေနဲ့ကတစ်ခါမှမတွေ့ဖူးပါဘူး။ဒီလိုနဲ့တစ်ရက်မှာတော့ရုတ်တရက်ကြီးအိုဝင်ရဲ့အိမ်ကိုသူ့ယောက္ခမတွေရောက်ချလာပါတော့တယ်။သူ့ယောက္ခမဖြစ်သူတွေကခပ်ဟော့ဟော့နဲ့လူငယ်ဆန်ဆန်ဆိုတော့သိပ်မကြာခင်ပဲရင်းနှီးသွားကြပါတော့တယ်။ဒါပေမယ့်သူတို့ရောက်ပြီးမကြာခင်မှာပဲအိုဝင်မန်နေဂျာလုပ်နေတဲ့ဘဏ်ဓားပြတိုက်ခံရပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာအိုဝင်ကသူ့ရဲ့ယောက္ခမတွေကိုဘဏ်ဓားပြဆိုပြီးတော့တဖြည်းဖြည်းနဲ့သံသယဝင်လာပါတော့တယ်။သူထင်တဲ့အတိုင်းသူ့ယောက္ခမတွေကဘဏ်ဓားပြတွေဖြစ်နေမလား။သူ့ရဲ့မင်္ဂလာပွဲလေးကရောဘယ်လိုဖြစ်သွားမလဲဆိုတာကိုကြည့်ရှူရမဲ့ဟာသဒရာမာအက်ရှင်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း